close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့၌ တစ်ရက် ၄နာရီမီးပေးမည့် အချိန်ဇယား ထုတ်ပြန်

ရန်ကုန်မြို့၌ တစ်ရက်လျှင် ၄နာရီမီးပေးမည့် အလှည့်ကျ အချိန်ဇယားကို YESC Call Center က ယနေ့(မတ်လ ၂၉ ရက်) ညတွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့၌ မီးပြတ်နေသည်ကို တွေ့ရစဉ်နှင့် မီးပေးမည့် အချိန်ဇယား။ ဓာတ်ပုံ - CJ

မတ်-၂၉၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၌ တစ်ရက်လျှင် ၄နာရီမီးပေးမည့် အလှည့်ကျ အချိန်ဇယားကို YESC Call Center က ယနေ့(မတ်လ ၂၉ ရက်) ညတွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့၌ မီးပြတ်နေသည်ကို တွေ့ရစဉ်နှင့် မီးပေးမည့် အချိန်ဇယား။ ဓာတ်ပုံ – CJ

ရန်ကုန်မြို့ရှိ မြို့နယ်များကို A မှ F အထိ အုပ်စုခြောက်ခုခွဲ၍ မတ်လ ၂၉ ရက် နံနက် ၅ နာရီမှစတင်မီးပေးနေခြင်းဖြစ်ပြီး မီးပေးအချိန်ဇယားဟုဆိုကာ အချိန်အမှားများနှင့် ဇယားပြန့်နှံ့ပြီးနောက် ယင်းကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းစနစ်ဖြင့် မီးပေးမည့် ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိသော်လည်း အချိန်ဇယား၌ ဧပြီ ၄ ရက်အထိ ဖော်ပြထားသည်ကိုတွေ့ရသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ ရက်က အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဓာတ်အားပေးရေးလုပ်ငန်းများထိခိုက်ခဲ့ပြီး ရန်ကုန်မြို့ရှိ Gas Turbine ဖြင့် ဓာတ်အားခွဲပေးနေခြင်းဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံး ငလျင်လှုပ်သည့် အချိန်မှစတင်၍ မီးမရရှိခဲ့ခြင်းဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများတွင် မီးရရှိခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

“နှစ်ရက်လောက်ပျက်မယ်ပြောတယ်” ဟု ပြည်မြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

နိုင်ငံတော်ဓာတ်အားပေးစနစ်များ ပြန်လည်လည်ပတ်နိုင်ပါက ယခင်ပေးနေကြစနစ်အတိုင်း မီးပေးမည်ဟု YESC Call Centerက အသိပေးထားသည်။

ယခင်က ရန်ကုန်မြို့ရှိ ခရိုင်လေးခုအနက် အနောက်ပိုင်းခရိုင်တစ်ခုသာ လေးနာရီမီးပေး လေးနာရီမီးပျက်စနစ်ဖြင့် မီးပေးနေပြီး အခြားခရိုင်များကို ၄နာရီမီးပေး ၈နာရီမီးပျက်စနစ်ဖြင့် အလှည့်ကျမီးပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်ကြောင့် အာဏာသိမ်း မြန်မာစစ်တပ် စစ်ရုံးချုပ် အခြေစိုက်ရာ နေပြည်တော်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ လေကြောင်းထိန်းသိမ်းရေးမျှော်စင်ပြိုကျပျက်စီးမှုအခြေအနေကို ဂြိုဟ်တု က ရိုက်ယူထားတဲ့ ပုံကိုတွေ့မြင်ရတာဖြစ်ပါတယ်။

သတင်း

မတ်-၃၀၊၂၀၂၅။​နေ့သစ်/People’s Spring ရန်ကုန်မြို့တွင်မတ် ၂၉ ညသန်း​ခေါင်​ကျော်တွင်​မြေငလျင်လှုပ်မည်ဆို​သော​ကောလဟလများထွက်​ပေါ်​ပြီး မြို့နယ်အများစုရှိပြည်သူများမှာအိမ်​​ပေါ်တွင်မ​နေရဲ​တော့ဘဲ လမ်း​ပေါ်သို့ထွက်​နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။ ​မြေငလျင်​ကောလဟလမှဘယ်ကစထွက်လာသည်ကိုအတိအကျမသိရ​​သေးဘဲ ပြည်သူအချို့က ၎င်းတို့ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ည၁၂ နာရီ မှ ၁ နာရီအတွင်း ​မြေငလျင်လှုပ်မည် ၊အနီ​ရောင်အဆင့်ဟု​ကြေညာသွားသည်ဆိုကာ ​ဖေ့စ်ဘွခ်လူမှုကွန်ယက်တွင်​​ရေးသားမျှ​ဝေထားကြသည်။ ငလျင်လှုပ်မည်သတင်းများထွက်​ပေါ်ပြီး​နောက်ပြည်သူများမှာ တိုက်ခန်းများ ၊​နေအိမ်များ​ပေါ်တွင်မ​နေရဲ​တော့ဘဲ အိမ်​အောက် ဆင်း၍...

သတင်း

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်စေဖို့အတွက် ပြည်တွင်းစစ်ကို အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

သတင်း

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့ ပြင်းအားဟာ အနုမြူ (အက်တမ်)ဗုံးပေါင်း ၃၃၀ ကျော် ပေါက်ကွဲမှုမျိုးလောက်နဲ့ ညီမျှတယ်လို့ လူသိများတဲ့ အမေရိကန် ငလျင်ပညာရှင် တစ်ဦးက ပြောပါတယ်။

Facebook