close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုအပေါ် ဝမ်းနည်းရကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရမှုအပေါ် မိသားစုဆွေ မျိုးများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့(မတ်လ ၂၉ ရက်)တွင် ထုတ်ပြန်သည်။

အင်အားပြင်းငလျင် ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့မှာလည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပါတယ်။ ဓာတ်ပုံ - KO M

မတ်-၂၉ ရက်၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရမှုအပေါ် မိသားစုဆွေ မျိုးများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့(မတ်လ ၂၉ ရက်)တွင် ထုတ်ပြန်သည်။

မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် အချိန် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မန္တလေးမြို့များအနီးကို ဗဟိုပြု ၍ အင်အား ရစ်(ချ်)တာစကေး (၇.၇)အဆင့်ရှိ အလွန်ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်များလည်း အကြိမ်ပေါင်းများစွာ ဆက်လက်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တ လေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေ ပြည်တော် အပါအဝင် နိုင်ငံ၏နေရာဒေသအ များအပြား၌ ပြည်သူလူထု၏ အသက်အိုးအိမ်ထိခိုက်ပျက်စီးမှု၊ ဘုရားကျောင်းကန် စေတီပုထိုးများ၊ ဗလီများအပါအဝင် သာသနိကအဆောက်အအုံများ၊ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များ၊ ဟိုတယ်များ၊ လူနေတိုက်တန်းများ၊ ဆေးပေးခန်းများအပါအဝင် မြောက်များစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” သဘာဝဘေးဒဏ်ကြောင့် ပြည်သူ လူထုများ အသက်အိုးအိမ်စည်းစိမ်နှင့် အ ဆောက်အအုံများစွာတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် မိမိတို့ ညီနောင်မဟာမိတ်(၃)ဖွဲ့အနေဖြင့် ကာယကံရှင် မိသားစုများ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပြီး များစွာစိတ်မကောင်းဖြစ်ရပါသည်”ဟု ဖော်ပြသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေနှင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား စာနာထောက်ထားသောအားဖြင့် မိမိတို့တတ်နိုင် သည်များကို အမြန်ဆုံးကူညီထောင်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုစိတ်ဓာတ်၊ သွေးရင်းညီအစ်ကိုစိတ်ဓာတ်အပြည့်ဖြင့် အသိပေးထုတ်ပြန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှု ​ပကတိမြေပြင်အချက်အလက်များနှင့် ဇလဗေဒတိုင်းထွာချက်များအရ နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နိုင်ဖွယ်ရှိ၍ ပြည်သူများ အထူးသတိပြု သွားလာနေ ထိုင်ကြရန်နှင့် သတင်းမှန်များအား နားစွင့်ထားကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့က အကြံပြု တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်ကြောင့် အာဏာသိမ်း မြန်မာစစ်တပ် စစ်ရုံးချုပ် အခြေစိုက်ရာ နေပြည်တော်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ လေကြောင်းထိန်းသိမ်းရေးမျှော်စင်ပြိုကျပျက်စီးမှုအခြေအနေကို ဂြိုဟ်တု က ရိုက်ယူထားတဲ့ ပုံကိုတွေ့မြင်ရတာဖြစ်ပါတယ်။

သတင်း

မတ်-၃၀၊၂၀၂၅။​နေ့သစ်/People’s Spring ရန်ကုန်မြို့တွင်မတ် ၂၉ ညသန်း​ခေါင်​ကျော်တွင်​မြေငလျင်လှုပ်မည်ဆို​သော​ကောလဟလများထွက်​ပေါ်​ပြီး မြို့နယ်အများစုရှိပြည်သူများမှာအိမ်​​ပေါ်တွင်မ​နေရဲ​တော့ဘဲ လမ်း​ပေါ်သို့ထွက်​နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။ ​မြေငလျင်​ကောလဟလမှဘယ်ကစထွက်လာသည်ကိုအတိအကျမသိရ​​သေးဘဲ ပြည်သူအချို့က ၎င်းတို့ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ည၁၂ နာရီ မှ ၁ နာရီအတွင်း ​မြေငလျင်လှုပ်မည် ၊အနီ​ရောင်အဆင့်ဟု​ကြေညာသွားသည်ဆိုကာ ​ဖေ့စ်ဘွခ်လူမှုကွန်ယက်တွင်​​ရေးသားမျှ​ဝေထားကြသည်။ ငလျင်လှုပ်မည်သတင်းများထွက်​ပေါ်ပြီး​နောက်ပြည်သူများမှာ တိုက်ခန်းများ ၊​နေအိမ်များ​ပေါ်တွင်မ​နေရဲ​တော့ဘဲ အိမ်​အောက် ဆင်း၍...

သတင်း

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်စေဖို့အတွက် ပြည်တွင်းစစ်ကို အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

သတင်း

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့ ပြင်းအားဟာ အနုမြူ (အက်တမ်)ဗုံးပေါင်း ၃၃၀ ကျော် ပေါက်ကွဲမှုမျိုးလောက်နဲ့ ညီမျှတယ်လို့ လူသိများတဲ့ အမေရိကန် ငလျင်ပညာရှင် တစ်ဦးက ပြောပါတယ်။

Facebook