close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးရဲ့ အားဟာ အနုမြူဗုံး ၃၃၀ ကျော် ပေါက်ကွဲမှုနဲ့ ညီမျှတယ်လို့ အမေရိကန် ပညာရှင်ပြော

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့ ပြင်းအားဟာ အနုမြူ (အက်တမ်)ဗုံးပေါင်း ၃၃၀ ကျော် ပေါက်ကွဲမှုမျိုးလောက်နဲ့ ညီမျှတယ်လို့ လူသိများတဲ့ အမေရိကန် ငလျင်ပညာရှင် တစ်ဦးက ပြောပါတယ်။

AFP

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့ ပြင်းအားဟာ အနုမြူ (အက်တမ်)ဗုံးပေါင်း ၃၃၀ ကျော် ပေါက်ကွဲမှုမျိုးလောက်နဲ့ ညီမျှတယ်လို့ လူသိများတဲ့ အမေရိကန် ငလျင်ပညာရှင် တစ်ဦးက ပြောပါတယ်။

CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန်ရဲ့ ဘူမိဗေဒ၊ ငလျင်နဲ့ မီးတောင်လှုပ်ရှားမှု ပညာရှင် ဂျက်စ်ဖီးနစ်က ငလျင်ရဲ့ ပြင်းအားနဲ့ ပတ်သက်လို့ အမြင်သာဆုံးဖြစ်အောင် ဥပမာ ပေးသွားခဲ့တာ ဖြစ်ပါတယ်။ အခုလို ငလျင်မျိုးက ထုတ်လွှတ်လိုက်တဲ့ အင်အားဟာ အနုမြူဗုံး ၃၃၄ လုံးစာလောက်နဲ့ ညီမျှတယ်လို့ ဖီးနစ်က ပြောကြားခဲ့ပါတယ်။

အဲဒီ ငလျင်မျိုးဟာ ကမ္ဘာကို ဓားကြီးတစ်လက်နဲ့ လှီးဖြတ်လိုက်သလို သဘောမျိုးလို့လည်း သူက ဥပမာ ပေးခဲ့ပါတယ်။ နောက်ပြီး အရမ်းပြင်းထန်တဲ့ ငလျင်ကြီးတွေမှာ နောက်ဆက်တွဲ ငလျင်တွေ အကြိမ်ကြိမ် ဆက်လှုပ်တတ်တဲ့ သဘောကိုလည်း ဖီးနစ်က အလေးထား သတိပေးသွားခဲ့ပါတယ်။

စစ်ကိုင်းမြို့ အနောက်မြောက်ဖက် ၁၆ ကီလိုမီတာလောက် အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာနိုင်ငံ ပိုင်နက်ထဲမှာ လှုပ်ခတ်ဖူးသမျှ ပြင်းအား အကြီးမားဆုံး ငလျင်လည်း ဖြစ်လာပါတယ်။ ငလျင်ရဲ့ ပြင်းအားဟာ မဂ္ဂနီကျု ၇.၇ အဆင့်ရှိပြီး အဲဒီမတိုင်ခင်က မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံး လှုပ်ခတ်ဖူးတာဟာ ၁၉၁၂၊ တောင်ကြီးငလျင် ဖြစ်ပါတယ်။ အဲဒီငလျင်ဟာ မဂ္ဂနီကျု ၇.၉ အဆင့်ထိ အားပြင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့မြေလွှာအောက်က ဧရာမ ကျောက်ချပ်ကြီးတွေ အချိန်ပြည့် ပွတ်တိုက်နေမှုကြောင့် သဘာဝအလျောက် စုစည်းကိန်းအောင်းနေတဲ့ စွမ်းအင်ထုကြီး ကန်ထွက်လာရာက ငလျင်တွေ ဖြစ်ပေါ်တာပါ။ အခု ငလျင်ဟာ စစ်ကိုင်း ပြတ်ရွေ့ကြောနဲ့ တိုက်ရိုက် ပတ်သက်နေပြီး ကြိုတင် မျှော်လင့်မထားတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ စင်ကာပူ အခြေစိုက် Earth Observatoryရဲ့ စုံစမ်းရေးဌာန အကြီးအကဲ ရှန်ဂျီဝေက ပြောပါတယ်။

အထင်ကရ မြေအောက် ကျောက်လွှာကြီး နှစ်ခု ထိစပ်ရာ နေရာမှာ တဖြောင့်တည်း တည်ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောဟာ အရင်ကတည်းကလည်း အင်အားပြင်း ငလျင်တွေကို ဖြစ်ပေါ်စေခဲ့ဖူးပြီး ပညာရှင်တွေကြားမှာ ငလျင်ဆိုင်ရာ အန္တရာယ် ဇုန်ကြီးတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။ အကြောင်းကတော့ လူသန်းပေါင်းများစွာ နေထိုင်ရာ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်စတဲ့ မြို့တွေဟာ ကီလိုမီတာ ၁၂၀၀ လောက် ရှည်လျားတဲ့ အဲဒီ ပြတ်ရွေ့ကြောနဲ့ ဆက်စပ် တည်ရှိနေတာကြောင့်ပါ။

မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးရဲ့ နောက်ထပ် ထိခိုက်ပျက်စီးမှု များပြားရတဲ့ အကြောင်းရင်း တစ်ခုကတော့ မြေမျက်နှာပြင်အောင် ၁၀ ကီလိုမီတာလောက်သာ ဝေးတဲ့ နေရာကို ဗဟိုပြုတဲ့ မြေတိမ်ငလျင် ဖြစ်နေတာကြောင့်လို့ သိရပါတယ်။ မြေတိမ်ငလျင်တွေဟာ တွန်းကန်ထုတ်လိုက်တဲ့ ဖျက်ဆီးအားကို ကြားခံဧရိယာမှာ လျော့ပါးပျက်စီးမှု သိပ်မရှိစေဘဲ မြေလွှာပေါ် ရောက်ရှိစေတတ်တာကြောင့် အဆောက်အအုံတွေဟာ ငလျင်ရဲ့ လှုပ်ရမ်းမှုကို ပြည့်ပြည့်ဝဝ ခံစားရလေ့ ရှိပါတယ်။

မတ်လ ၃၀ ရက်နေ့ထိ အခြေအနေ အရတော့ အာဏာသိမ်း စစ်ကောင်စီက ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁၆၀၀ ကျော် ရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။ အမေရိကန် ငလျင်တိုင်းတာရေး ဌာန (USGS)ကတော့ ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံ တွက်ချက်ပြီး လက်တွေ့ အသေအပျောက် အရေအတွက်ဟာ ၁၀၀၀၀ ကနေ ၁၀၀၀၀၀ ကြားထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဆက်လက် လှုပ်ခတ်နေတာကြောင့် ငလျင်ဘေးသင့် ဧရိယာတွေမှာ အသက်ရှင် ကျန်ရစ်သူတွေအတွက် အထိတ်တလန့် ဖြစ်နေရပါတယ်။ မတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မန္တလေး မြို့နားမှာ မဂ္ဂနီကျု ၅.၁ အဆင့် နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း USGSက ထုတ်ပြန်ခဲ့ပြီး အဲဒီငလျင် လှုပ်ခတ်ချိန်မှာ လမ်းပေါ်ကို ထွက်နေတဲ့ ငလျင်ဘေးသင့် ပြည်သူတွေ အလန့်တကြား ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်ကြောင့် အာဏာသိမ်း မြန်မာစစ်တပ် စစ်ရုံးချုပ် အခြေစိုက်ရာ နေပြည်တော်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ လေကြောင်းထိန်းသိမ်းရေးမျှော်စင်ပြိုကျပျက်စီးမှုအခြေအနေကို ဂြိုဟ်တု က ရိုက်ယူထားတဲ့ ပုံကိုတွေ့မြင်ရတာဖြစ်ပါတယ်။

သတင်း

မတ်-၃၀၊၂၀၂၅။​နေ့သစ်/People’s Spring ရန်ကုန်မြို့တွင်မတ် ၂၉ ညသန်း​ခေါင်​ကျော်တွင်​မြေငလျင်လှုပ်မည်ဆို​သော​ကောလဟလများထွက်​ပေါ်​ပြီး မြို့နယ်အများစုရှိပြည်သူများမှာအိမ်​​ပေါ်တွင်မ​နေရဲ​တော့ဘဲ လမ်း​ပေါ်သို့ထွက်​နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။ ​မြေငလျင်​ကောလဟလမှဘယ်ကစထွက်လာသည်ကိုအတိအကျမသိရ​​သေးဘဲ ပြည်သူအချို့က ၎င်းတို့ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ည၁၂ နာရီ မှ ၁ နာရီအတွင်း ​မြေငလျင်လှုပ်မည် ၊အနီ​ရောင်အဆင့်ဟု​ကြေညာသွားသည်ဆိုကာ ​ဖေ့စ်ဘွခ်လူမှုကွန်ယက်တွင်​​ရေးသားမျှ​ဝေထားကြသည်။ ငလျင်လှုပ်မည်သတင်းများထွက်​ပေါ်ပြီး​နောက်ပြည်သူများမှာ တိုက်ခန်းများ ၊​နေအိမ်များ​ပေါ်တွင်မ​နေရဲ​တော့ဘဲ အိမ်​အောက် ဆင်း၍...

သတင်း

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်စေဖို့အတွက် ပြည်တွင်းစစ်ကို အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

သတင်း

ဖျက်အားပြင်းငလျင်ကြီး ဗဟိုပြုလှုပ်ခဲ့​သော​နေရာနှင့်အနီးဆုံးစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ‌သေဆုံးထိခိုက်၊ပျက်စီးမှုအလွန်များနေပြီး ရှာဖွေကယ်ဆယ်ရေး ဒုတိယမြောက်နေ့ဖြစ်သော မတ်လ ၂၉ရက် ညနေအထိ ရုပ်အလောင်း ၁၈၀ ကျော် မီးရှို့သဂြိုလ်ထားရသည်။

Facebook