close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကယ်ဆယ်ရေးအတွက် အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး တိုက်တွန်း

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်စေဖို့အတွက် ပြည်တွင်းစစ်ကို အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်စေဖို့အတွက် ပြည်တွင်းစစ်ကို အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီရော၊ တော်လှန်ရေး အင်အားစုတွေပါ အပစ်အခတ် ရပ်စဲထားပြီး လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ အဆင်ချောအောင် ကူညီပေးကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နားကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို စစ်ကောင်စီရဲ့ ထုတ်ပြန်မှုမှာတောင် အသေအပျောက် ၁၆၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ အသေအပျောက် ဂဏန်းဟာ အဲဒီထက် အများကြီး ပိုလာနိုင်တယ်လို့ စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိနေပါတယ်။

ဒေါက်တာ ဘာလက်ခ်ရစ်ရှ်နန်ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများဆိုင်ရာ အရေးပေါ် အစည်းအဝေး တစ်ခုကို တက်ရောက်ပြီး မြန်မာ့ ငလျင်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို အာဆီယံ ဥက္ကဋ္ဌ မလေးရှားက ကမကထပြုပြီး အွန်လိုင်းကနေ ချိတ်ဆက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အစည်းအဝေးမှာ ဝန်ကြီးဟာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ထိရောက်စွာ ပေးပို့နိုင်ရေး၊ ရေရှည်မှာ အမျိုးသား ရင်ကြားစေ့မှု ပိုမို အကောင်အထည် ဖော်နိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး မြန်မာ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို တောင်းဆိုခဲ့တယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ကယ်ဆယ်ရေးနဲ့ တခြား ငလျင်ဘေးသင့် အကူအညီတွေ ပေးနိုင်ရေးအတွက် နှစ်ပတ်ကြာ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပေမယ့် စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒေါက်တာ ဘာလက်ခ်ရစ်ရှ်နန်က စင်ကာပူ နိုင်ငံအနေနဲ့ မြန်မာ၊ ထိုင်းတို့မှာ ငလျင်ကြောင့် ထိခိုက် ခံစားရမှုတွေ၊ အသက်အိုးအိမ် ဆုံးရှုံးမှုတွေကို ကြုံတွေ့ခဲ့ရတဲ့အပေါ် အထူးစိတ်ထိခိုက် ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့ပြီး ခက်ခဲတဲ့ ကာလတွေမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ တသားတည်း ရပ်တည်မယ်လို့လည်း ပြောပါတယ်။ ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အကူအညီ ပေးနိုင်ရေးအတွက် စင်ကာပူ ကြက်ခြေနီ အဖွဲ့ ရန်ပုံငွေအဖြစ် စင်ကာပူဒေါ်လာ တစ်သိန်းခွဲကို အစိုးရက ထောက်ပံ့ပေးသွားမယ်လို့လည်း ဆိုပါတယ်။ စင်ကာပူ ကြက်ခြေနီ အဖွဲ့ဟာ အစောပိုင်း ကတည်းက မြန်မာနဲ့ ထိုင်းက ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စင်ကာပူဒေါ်လာ တစ်သိန်းခွဲ လှူဒါန်းမယ်လို့ ကြေညာပြီး အများပြည်သူ စုပေါင်းလှူဒါန်းဖို့လည်း အလှူခံ ပေးသွားမယ်လို့ ကတိပြုထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်ကြောင့် အာဏာသိမ်း မြန်မာစစ်တပ် စစ်ရုံးချုပ် အခြေစိုက်ရာ နေပြည်တော်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ လေကြောင်းထိန်းသိမ်းရေးမျှော်စင်ပြိုကျပျက်စီးမှုအခြေအနေကို ဂြိုဟ်တု က ရိုက်ယူထားတဲ့ ပုံကိုတွေ့မြင်ရတာဖြစ်ပါတယ်။

သတင်း

မတ်-၃၀၊၂၀၂၅။​နေ့သစ်/People’s Spring ရန်ကုန်မြို့တွင်မတ် ၂၉ ညသန်း​ခေါင်​ကျော်တွင်​မြေငလျင်လှုပ်မည်ဆို​သော​ကောလဟလများထွက်​ပေါ်​ပြီး မြို့နယ်အများစုရှိပြည်သူများမှာအိမ်​​ပေါ်တွင်မ​နေရဲ​တော့ဘဲ လမ်း​ပေါ်သို့ထွက်​နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။ ​မြေငလျင်​ကောလဟလမှဘယ်ကစထွက်လာသည်ကိုအတိအကျမသိရ​​သေးဘဲ ပြည်သူအချို့က ၎င်းတို့ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ည၁၂ နာရီ မှ ၁ နာရီအတွင်း ​မြေငလျင်လှုပ်မည် ၊အနီ​ရောင်အဆင့်ဟု​ကြေညာသွားသည်ဆိုကာ ​ဖေ့စ်ဘွခ်လူမှုကွန်ယက်တွင်​​ရေးသားမျှ​ဝေထားကြသည်။ ငလျင်လှုပ်မည်သတင်းများထွက်​ပေါ်ပြီး​နောက်ပြည်သူများမှာ တိုက်ခန်းများ ၊​နေအိမ်များ​ပေါ်တွင်မ​နေရဲ​တော့ဘဲ အိမ်​အောက် ဆင်း၍...

သတင်း

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့ ပြင်းအားဟာ အနုမြူ (အက်တမ်)ဗုံးပေါင်း ၃၃၀ ကျော် ပေါက်ကွဲမှုမျိုးလောက်နဲ့ ညီမျှတယ်လို့ လူသိများတဲ့ အမေရိကန် ငလျင်ပညာရှင် တစ်ဦးက ပြောပါတယ်။

သတင်း

ဖျက်အားပြင်းငလျင်ကြီး ဗဟိုပြုလှုပ်ခဲ့​သော​နေရာနှင့်အနီးဆုံးစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ‌သေဆုံးထိခိုက်၊ပျက်စီးမှုအလွန်များနေပြီး ရှာဖွေကယ်ဆယ်ရေး ဒုတိယမြောက်နေ့ဖြစ်သော မတ်လ ၂၉ရက် ညနေအထိ ရုပ်အလောင်း ၁၈၀ ကျော် မီးရှို့သဂြိုလ်ထားရသည်။

Facebook