close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးအတွက် တော်လှန်အနုပညာရှင်တွေရဲ့ အလှူ

ပြည်သူထောင်နဲ့ချီသေဆုံးခဲ့တဲ့ ငလျင် ကြောင့် ဒုက္ခ‌ ရောက်နေသူတွေအတွက် အလှူငွေတွေလှူဒါန်းတဲ့ အကြောင်းကို တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းနဲ့ ပိုင်ဖြိုးသုတို့က အသိပေးထားပါတယ်။

ဆဏ်း / People’s Spring

ပြည်သူထောင်နဲ့ချီသေဆုံးခဲ့တဲ့ ငလျင် ကြောင့် ဒုက္ခ‌ ရောက်နေသူတွေအတွက် အလှူငွေတွေလှူဒါန်းတဲ့ အကြောင်းကို တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းနဲ့ ပိုင်ဖြိုးသုတို့က အသိပေးထားပါတယ်။

ဖြူဖြူကျော်သိန်းက လန်ဒန်မှာပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကရရှိခဲ့တဲ့ငွေတွေထဲက ကျပ်သိန်းတစ်ထောင်ကို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကို လှူဒါန်းခဲ့တယ်လို့ ရေးသားထားပါတယ်။

“Disaster ဖြစ်မှရယ် မဟုတ်၊ လိုအပ်တဲ့နေရာတွေ ကတော့အများကြီးပါ။ သိန်းတစ်ထောင်ဆိုတာလည်း လိုအပ်နေတာနဲ့ယှဉ်ရင် နည်းနည်းလေးပါ။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအကူအညီတွေ တရားဝင်မရနိုင်ရှာတဲ့ နေရာတွေကိုပဲ အဓိကထားပြီး ကူပါရစေနော်။” လို့ဖြူဖြူကျော်သိန်းက ‌ပြောပါတယ်။

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ သူမရဲ့ အကယ်ဒမီရုပ် ကမ်ပိန်းကနေ ရရှိတဲ့ငွေတွေထဲက ငလျင်အတွက် သိန်းငါးရာလှူဒါန်းခဲ့တယ်လို့ အသိပေးလာတာပါ။

” အကယ်ဒမီရုပ်”ကမ်ပိန်း ပြုလုပ်ခဲ့ရတဲ့ရည်ရွယ်ချက်ကလည်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့ပါ။ အခု ငလျင်ဒဏ်သင့်ဒေသတွေကို ဒီကမ်ပိန်းကနေ သိန်း (၅၀၀) ကူညီသွားဖို့ စီစဉ်နေပါတယ်။ ပါဝင်ကူညီကြသူ တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။” လို့ ပိုင်ဖြိုးသုကပြောပါတယ်။

ဒါ့အပြင် ဖြူဖြူကျော်သိန်းက ဧပြီ ၅ရက်နေ့ ဆစ်ဒနီမြို့မှာ ပြုလုပ်တဲ့ ဖျော်ဖြေ‌ပွဲမှာ လွတ်မြောက်နယ်မြေက ငလျင်ဒဏ်ခံစားရသူတွေအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး အမှတ်တရပစ္စည်းသုံးမျိုးကို လေလံတင်သွားမယ်လို့ Phyu Phyu in Australia ကအသိပေးထားပါတယ်။

လေလံတင်မယ့် ပစ္စည်းတွေကတော့ ဖြူဖြူကျော်သိန်း ကိုယ်တိုင်တီးခတ်ပြီး လက်မှတ်ရေးထိုးထားတဲ့ ဂစ်တာတစ်လက် ၊ ထားထက်ထက် ကိုယ်တိုင်ထိုးထားတဲ့ handmade တစ်ချောင်းထိုးအရုပ်တစ်ရုပ် နဲ့ မငြိမ်းငြိမ်းကျော် လှူဒါန်းထားတဲ့ ကံကော်ပင် တစ်ပင် ပါဝင်တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်ကြောင့် အာဏာသိမ်း မြန်မာစစ်တပ် စစ်ရုံးချုပ် အခြေစိုက်ရာ နေပြည်တော်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ လေကြောင်းထိန်းသိမ်းရေးမျှော်စင်ပြိုကျပျက်စီးမှုအခြေအနေကို ဂြိုဟ်တု က ရိုက်ယူထားတဲ့ ပုံကိုတွေ့မြင်ရတာဖြစ်ပါတယ်။

သတင်း

မတ်-၃၀၊၂၀၂၅။​နေ့သစ်/People’s Spring ရန်ကုန်မြို့တွင်မတ် ၂၉ ညသန်း​ခေါင်​ကျော်တွင်​မြေငလျင်လှုပ်မည်ဆို​သော​ကောလဟလများထွက်​ပေါ်​ပြီး မြို့နယ်အများစုရှိပြည်သူများမှာအိမ်​​ပေါ်တွင်မ​နေရဲ​တော့ဘဲ လမ်း​ပေါ်သို့ထွက်​နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။ ​မြေငလျင်​ကောလဟလမှဘယ်ကစထွက်လာသည်ကိုအတိအကျမသိရ​​သေးဘဲ ပြည်သူအချို့က ၎င်းတို့ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ည၁၂ နာရီ မှ ၁ နာရီအတွင်း ​မြေငလျင်လှုပ်မည် ၊အနီ​ရောင်အဆင့်ဟု​ကြေညာသွားသည်ဆိုကာ ​ဖေ့စ်ဘွခ်လူမှုကွန်ယက်တွင်​​ရေးသားမျှ​ဝေထားကြသည်။ ငလျင်လှုပ်မည်သတင်းများထွက်​ပေါ်ပြီး​နောက်ပြည်သူများမှာ တိုက်ခန်းများ ၊​နေအိမ်များ​ပေါ်တွင်မ​နေရဲ​တော့ဘဲ အိမ်​အောက် ဆင်း၍...

သတင်း

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးပို့နိုင်စေဖို့အတွက် ပြည်တွင်းစစ်ကို အပစ်ရပ်ထားဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

သတင်း

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့ ပြင်းအားဟာ အနုမြူ (အက်တမ်)ဗုံးပေါင်း ၃၃၀ ကျော် ပေါက်ကွဲမှုမျိုးလောက်နဲ့ ညီမျှတယ်လို့ လူသိများတဲ့ အမေရိကန် ငလျင်ပညာရှင် တစ်ဦးက ပြောပါတယ်။

Facebook