ရောင်နီ /People’s Spring
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်ရတနာအိမ်ရာရှိတိုက်ခန်းမီးလောင်မှုတွင် အမျိူသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)YROက အသိပေးထားသည်။
မတ်လ ၃ရက် ည ၇ နာရီခွဲခန့်တွင် လှိုင်ရတနာအိမ်ရာရှိ တိုက်ခန်းတစ်ခု၏ ၆လွှာ၌ မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး မိနစ်နှစ်ဆယ်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါမီးလောင်မှုကိုသွားရောက်၍ကူညီခဲ့သည့် YRO က ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားတစ်ဦးနှင့် သေဆုံးသွားသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
ဂက်စ်မီးဖိုမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ကာ မီးစတင် လောင်ခြင်းဖြစ်သည်ဟု ဒေသခံများကပြောကြားထားသော်လည်း မီးသတ်တပ်ဖွဲ့အနေဖြင့် သီးသန့်ထုတ်ပြန်ထားခြင်းမရှိပေ။
လှိုင်မြို့နယ်၌ ပြီးခဲ့သည့်လအတွင်းကလည်း လှိုင်ရတနာဈေး၌ မီးလောင်မှုဖြစ်ခဲ့ပြီး သေဆုံးသူတစ်ဦးရှိခဲ့သည်။
