close
Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတိုး/People’s Spring

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

“မိုင်း ၂လုံးနဲ့ ပင်မဂိတ်အနီးဆုံး ကပ်လျက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ဂိတ်ကင်း အစောင့်တွေ ထိခိုက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို မတ်လ ၃ရက် ည ၇နာရီခွဲခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

OFအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

Operation Flame (OF)အဖွဲ့အနေဖြင့် ရန်ကုန် တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲ၍ စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့တွင်ယနေ့ (မတ်လ ၃ရက်) နံနက် ၁၀ နာရီ ၂ မိနစ်မှ ၁၀နာရီ၅မိနစ်အတွင်း ​မြေငလျင်လှုပ်သွားပြီး ​ဒေသခံပြည်သူများ သိသိသာသာခံစားခဲ့ရသည်။

သတင်း

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။

သတင်း

ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှပ်နှံရန်စီစဥ်ခဲ့​သောရန်ကုန်မြို့လယ်ရှိ ပင်နီဆူလာ(Peninsula ) ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်ဟု အဆိုပါဟိုတယ်လုပ်ငန်းစုက ကြေညာလိုက်ကြောင်း ဂျပန်သတင်းစာ NIKKEI Asia သတင်းဌာနက ဖော်ပြထားသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီမှလုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ တော်လှန်လူငယ်များက ဦးဆောင်၍ လူစည်ကားရာ နေရာအနှံ့အပြား၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာတန်းများအား ဆေးမှုတ်ကာ လှုံ့ဆော်မှုကို ယနေ့ (ဖေဖော်ဝါရီ ၁၀)ပြုလုပ်ခဲ့သည်။