close
Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့သိမ်းတိုက်ပွဲမှ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းရှစ်ဦး ထွက်ပြေး

ချင်းပြည်နယ် မတူပီနှင့် မင်းတပ်မြို့နယ်အစပ်၌ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းရှစ်ဦး ထွက်ပြေးသွားသည်ဟု ချင်းကာကွယ်ရေးတပ် CDF မင်းတပ် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ယနေ့ (မတ်လ ၃ရက်) ညပိုင်တွင် အတည်ပြုသည်။

မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - PDF Zoland

ရဲခေါင်/People’s Spring

ချင်းပြည်နယ် မတူပီနှင့် မင်းတပ်မြို့နယ်အစပ်၌ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းရှစ်ဦး ထွက်ပြေးသွားသည်ဟု ချင်းကာကွယ်ရေးတပ် CDF မင်းတပ် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ယနေ့ (မတ်လ ၃ရက်) ညပိုင်တွင် အတည်ပြုသည်။

ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများသည် မတူပီမြို့သိမ်းတိုက်ပွဲ၌ ဖမ်းမိခဲ့သော စစ်ကောင်စီတပ်သားများဟု အသိပေးသည်။

“အစောင့်နှစ်ဦးရှိတယ်။အစောင့်လဲပေါ့လျော့လို့မဟုတ်ဘူး ။နှပန်းလုံးပြီး လက်နက်လုကြတာဖြစ် တယ်။ရအောင်ပြန်ဖမ်းမှာပါ”ဟု CDF မင်းတပ်မှ ကိုဇလပ်သွေးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်ဖြစ်ပွားခဲ့မှုသည့် မင်းတပ်နှင့် မတူပီဒေသအစပ်၌ဖြစ်ပြီး မတူပီမြို့သိမ်းတိုက်ပွဲ၌ ဖမ်းမိသည့် စစ်သုံ့ပန်းများဟု ၎င်းက အသိပေးသည်။

“မတူပီကပြေးတာပါ သေချာဖြစ်ပါပီ။ ပြန်မိမှာပါ”ဟု CDF မင်းတပ်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ကိုချင်းညီနောင်တပ်ဖွဲ့က ၂၀၂၄ ဇွန်လ ၉ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၉ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာနှင့် လေယာဉ်ပစ် စက်သေနတ်ကြီးနှစ်လက် အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း စစ်သုံ့ပန်းအရေအတွက်ကို ဖော်ပြခြင်း မရှိပေ။

မတူပီမြို့တွင် စစ်ကောင်စီ၏ ဗျူဟာကုန်း၊ ခြေမြန် တပ်ရင်း ခမရ- ၃၀၄၊ ခြေလျင်တပ်ရင်း ခလရ – ၁၄၀တပ်ရင်များရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူထွက်ပြေးသွားကြောင်း ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပန်း ၉ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်သုံ့ပန်းများထားသော မောင်တောမြို့မှ နယ်ခြားစောင့်တပ်ရင်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

ဆောင်းပါး

"ကံထူး"ဆိုတဲ့ နာမည်က သူ့ အသက် ၂၄ နှစ်ထဲရောက်မှ ရတာ။ နာမည်ပေးကင်ပွန်းတပ် ကိတ်မုန့်ကျွေးပြီးလွယ်လွယ် ရလာတဲ့ နာမည်​တော့ မဟုတ်ခံ့ပါဘူး။ ကံထူး ရယ် လို့ ဖြစ်လာပုံဇာတ်လမ်းအစကိုပြန်ပြန်ရရင်​တော့ ...။

Trending

Facebook