သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းကာ စစ်တပ်ကို ILO ပုဒ်မ (၃၃)အရ အရေးယူပေးဖို့ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်လှည့်မကြည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “ILO ပုဒ်မ ၃၃အရ ချက်ချင်းအရေးယူ ပေး – ILO implement Article 33 on Myanmar Now 2025” စာသားနဲ့ ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ရွှေဘိုမြို့နယ်မှာလည်း ဒေသခံသပိတ်အင်အားစုမှ ဦးဆောင်ကာ တောင်သူလယ်သမား၊ အလုပ်သမားပြည်သူတွေ ပါဝင်ခဲ့ပြီး “ILO ပုဒ်မ ၃၃အရ အရေးယူဆောင်ရွက်ပေး”၊ “ILO implement Article 33 on Myanmar Now 2025” ဆောင်ပုဒ်နဲ့ စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းသပိတ်အင်အားစု၊ ရွှေဘိုလူထုသပိတ်
