close
Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား ခဲယမ်းများယူလာပြီး PDF ဇိုလဲန်းထံ အလင်းဝင်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦး ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF ဇိုလဲန်းက ယနေ့(မတ်လ ၃ရက်)သတင်းထုတ်ပြန်သည်။

တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား။ ဓာတ်ပုံ - PDF ဇိုလဲန်း

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦး ခဲယမ်းများ ယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF ဇိုလဲန်းက ယနေ့(မတ်လ ၃ရက်)သတင်းထုတ်ပြန်သည်။

ခလရ(၂၆၉)တပ်ရင်းမှ တပ်သားမင်းမင်းသည် ဖေဖော်ဝါရီ ၂၅ရက်တွင် အလင်းဝင်လာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား ယူလာသည့် ခဲယမ်းများ။ ဓာတ်ပုံ – PDF ဇိုလဲန်း

အလင်းဝင်ရောက်မှု အခြေအနေအသေးစိတ် ဖော်ပြမထားသော်လည်း ပါလာသည့် ကျည်၊ ခဲယမ်းများ မှတ်တမ်းဓာတ်ပုံနှင့် အလင်းဝင်လာသည့် တပ်သားအား ဆုငွေပေးအပ်မှု မှတ်တမ်းဓာတ်ပုံတို့အား ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသည် လက်ပစ်ဗုံး၊ ကျည်ဘောက်၊ ကျည်များ၊ ၄၀ မမ ဗုံးသီး အလုံး၃၀နီးပါး ယူဆောင်လာသည်ကို ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။

“မိမိအသက်ကိုနှမြောရင် အချိန်မရွေး ပြည်သူ့ကာကွယ်ရေးတပ်မှာ အလင်းဝင်လာနိုင်ပါတယ်။ တီးတိန်မြို့သိမ်းစစ်ဆင်ရေး မစတင်ခင် အချိန်ရပါသေးတယ်။”ဟု ZFU/PDF ဇိုလဲန်း အတွင်းရေးမှူး ကိုရောဘတ်က လက်ကျန် စစ်ကောင်စီ တပ်သားများအား သတိပေး တိုက်တွန်းသည်။

PDF ဇိုလဲန်းသည် ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်ဖြစ်ပြီး တီးတိန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် ပြင်ဆင်ထားကြောင်း မကြာသေးမီက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် ခြေမြန် တပ်မဌာနချုပ်(၁၀၁)မှ စစ်ကောင်စီတပ်သားသစ်နှစ်ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း Burma Revolution Rangers တပ်ဖွဲ့က ယနေ့(မတ်လ ၃ရက်) တွင် ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ အင်အား ၁၆၀ပါ စစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရုပ်အလောင်းငါးလောင်း ရရှိပြီး ခြောက်ဦးအရှင်ဖမ်းမိကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့(MCRF)က ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ က​လေးဝမြို့နယ်မှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်လာ၍ အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့သည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားသုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ Senthang Revolution Force(SRF)က သတင်းထုတ်ပြန်သည်။