close
Connect with us

Hi, what are you looking for?

သတင်း

ခလရ(၆)တပ်ဝင်းနှင့် တောင်ဒဂုံရဲစခန်းတို့ကို မြို့ပြအဖွဲ့များ တိုက်ခိုက်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၆)ခြေလျင်တပ်ရင်း (ခလရ-၆)ဝင်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းတို့ကို အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်သည်။

သတိုး/People’s Spring

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၆)ခြေလျင်တပ်ရင်း (ခလရ-၆)ဝင်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းတို့ကို အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်သည်။

ရွှေပြည်သာမြို့နယ်ရှိ ခလရ(၆)တပ်ရင်းဝင်းအား ဖေဖော်ဝါရီ ၂၅ ရက် ည ၁၀နာရီခန့်တွင် အရှေ့ပိုင်းခရိုင်ပကဖ၏ ဦးဆောင်မှုဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“တပ်ဝင်းထဲအထိ ပေါက်ကွဲ၊ထိခိုက်မှုတော့ မသိ‌ရသေး။ ရဲဘော်တွေတော့ ဘေးကင်းပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ည ၇နာရီခွဲခန့်တွင် ဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ် မြို့မရဲစခန်းကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က အသိပေးထုတ်ပြန်သည်။

စစ်မှူထမ်းဥပဒေကို အသုံးပြုကာ လူငယ်များအား ဖမ်းဆီးမှု ၊ မိသားစုဝင်များအား ငွေညှစ်မှုများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ​၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ပိုင်ဆိုင်သည့် Army Rum စက်ရုံကို ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ပိတ်သိမ်းသွားသော စက်ရုံနှစ်ရုံမှာ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားများပိုင် GTIGနှင့် Gysan စက်ရုံတို့ဖြစ်ပြီး ၎င်းစက်ရုံနှစ်ရုံသည် UKနိုင်ငံအခြေစိုက် Primark အမှတ်တံဆိပ်အထည်များအား လက်ခစားချုပ်ပေးနေသည့် စက်ရုံများဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီများဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

News

စစ်ကောင်စီတပ်သားများ ပြင်းထန်သည့် ဒဏ် ရာရရှိခဲ့ပြီး အသေအပျောက်ရှိနိုင်သည်ဟု YUGA က အသိပေးသည်။