ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံး၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ပြီးနောက် မိုင်းခွဲတိုက်ခိုက် ခဲ့ကြောင်း Generation Y Guerilla – GY G အဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“လက်ပစ်ဗုံးပစ်ပြီး Hello မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ဝာာပါ။ လက်ပစ်ဗုံးကတော့ ထိတယ်။ Hello ကတော့ သေချာမသိဘူး” ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကို အောက်တိုဘာ ၂၀ ရက် နေ့လည် ၂ နာရီအချိန်ခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ညီနောင်အဖွဲ့များဖြစ်သည့် Myint Ma Kha ၊ Army Representing Myanmar Society ARMS တို့ နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီများဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။
” အထိအခိုက် အပျက်အစီးတော့ သေချာမသိရသေးပါဘူး။ Ambulance တွေသွားနေသည်ဟု မြေပြင်သတင်းအရသိရပါတယ်” ဟု ၎င်းက ပြောသည်။
