စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) က တော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲများအတွင်းအရပ်သား ၂၇ ဦးကို ဖမ်းဆီးကာ ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ခြောက်ဦးပျောက်ဆုံးနေကြောင်း Burma War Crimes Investigation (BWCI) က အစီရင်ခံစာထုတ်ပြန်သည်။
စစ်ရာဇဝတ်မှုများကို စုံစမ်းဖော်ထုတ်နေသည့် BWCIက ရှမ်းပြည်နယ်တောင်ပိုင်း၌ PNO/PNA၏ ကျူးလွန်မှုများကို ဖော်ပြထားသည့် “မင်းတို့အသက်ပဲလိုချင်တယ်” ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလစတင်၍ ဆီဆိုင်နှင့် ပင်

Public Service Announcement
လောင်းမြို့၌ တိုက်ပွဲဖြစ်ပွားပြီးနောက် PNO/PNAက ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသည့် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထွက်ပြေးလွတ်မြောက်လာသူအချို့နှင့် သတ်
ဖြတ်ခံရသူများ၏ မိသားစုဝင်များအား မေးမြန်းချက်အရ ၂၀၂၄ ခုနှစ် မတ်လ မှ နိုဝင်ဘာလအထိ ရှစ်လအတွင်း PNO/PNA က အရပ်သားအမျိုးသား ၂၃ ဦး၊ အမျိုးသမီးလေး ဦးဖမ်းဆီးခဲ့ပြီး ငါးဦးကို သတ်ဖြတ်ခဲ့ကြောင်းသိရသည်။သတ်ဖြတ်ခံရသူများတွင်အမျိုးသမီး တစ်ဦးနှင့် အမျိုးသား လေးဦးပါဝင်ကြောင်း BWCI ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
အရပ်သားများအား သေနတ်ဖြင့်ပစ်ခတ်သတ်
ဖြတ်ခြင်း၊ ချောက်အတွင်း အရှင်လတ်လတ်ကြိုးတုပ်ပစ်ချပြီး သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
“ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသူတွေရှိသလို ကြယ်တွင်း( ကျောက်တစ်လုံးမြို့နယ်ရှိ ချောက်) ထဲ ပစ်ချခံရသူတွေထဲမှာမှ အချို့က အပေါ်ကို ပြန်တက်လာပြီး အိမ်ပြန်ခဲ့ပေမဲ့ အိမ်ပြန်လမ်းမှာ ပျောက်ဆုံးသွားသူတွေလည်းရှိတယ်” ဟု ပြန်
လည်လွတ်မြောက်လာသူတစ်ဦး၏ပြောကြားချက်ကိုကိုးကား၍ ထုတ်ပြန်ချက်၌ဖော်ပြထား
သည်။
ထို့အပြင် သဲလွန်စမရရှိဘဲ ပျောက်ဆုံးနေသူ ခြောက်ဦးလည်း ရှိသည်ဟုအစီရင်ခံစာက ဆို
သည်။
“PNOရဲ့ လုပ်ရပ်က ကိုယ့်လူမျိုးအချင်းချင်းကို တော်တော်ရက်စက်တယ်။သူက စစ်ကောင်စီနဲ့ပေါင်းပြီး ချမ်းသာနေတော့ လူထုကိုရန်သူလိုထင်သွားပြီ” ဟု ပအိုဝ်းလူငယ်တစ်ဦးကပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့် မိုးဗြဲမြို့တွင် စစ်ကောင်စီ၊PNO ပူးပေါင်းတပ်များနှင့်
ပအိုဝ်းအမျိုးသားပြည်သူ့လွတ်မြောက်ရေးတပ်
မတော်(PNLA)တိုက်ပွဲဆက်ဖြစ်နေသည်။
PNO သည်ကိုယ့်လူမျိုးအချင်းချင်းကိုဖိနှိပ်မှုပြု
လုပ်နေပြီး စစ်ကောင်စီအလိုကျ လိုက်ပါဆောင်
ရွက်ခြင်းမပြုဘဲ တော်လှန်ရေးတွင်ပူးပေါင်းပါဝင်ရန် PNLA က ထုတ်ပြန်တိုက်တွန်းဖူးသည်။
ဦးအောင်ခမ်းထီး ဦးဆောင်သော PNO/PNA ပြည်သူ့စစ်အဖွဲ့သည် စစ်တပ်နှင့် ကာလရှည် နီးကပ်သောဆက်ဆံရေးရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်တပ်နှင့်အတူ အကြမ်းဖက်မှုများကိုကျူးလွန်နေကာ ၊ဒေသခံလူငယ်များကိုလည်းအဓမ္မစစ်သားစုဆောင်းနေကြောင်းဒေသခံများကပြောသည်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခရိုနီလုပ်ငန်းရှင် နေဝင်းထွန်းကို PNO/PNA တွင်လုပ်ပိုင်ခွင့်ပိုပေးပြီးစစ်ကောင်စီတပ် နှင့်ပူးတွဲ၍ ဒေသတွင်းနှင့် ကရင်နီပြည်တွင်ပါစစ်ဆင်ရေးများလိုက်၍ တော်လှန်ရေးအဖွဲ့များကိုတိုက်ပြီး ပြည်သူများကိုမူ ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေခြင်းဖြစ်သည်။
PNA အတွက်စစ်သားသစ်စုဆောင်းသည့်အပြင် ယခုအခါစစ်တပ်အတွက်ပါစစ်သားသစ်စုဆောင်းနေပြီး ပြည်ပရောက်နေသော ပအိုဝ်လူငယ်များကိုပါ စစ်မှုထမ်းရန် ဖိအားပေးခေါ်ဆောင်နေသည်။
