close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအတွက် တပ်သားသစ်ရရှိရေး PNOပြည်သူ့စစ်က ရွာသူကြီးများ အမိန့်ပေးခေါ်ဆောင်ခိုင်းနေ

အာဏာသိမ်းစစ်ကောင်စီတပ်အတွက် တပ်သားသစ်များ ရရှိရေး ၎င်း၏လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNOက ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန် အတင်းအကြပ် အမိန့်ပေးခေါ်ဆောင်လျက်ရှိကြောင်း အဆိုပါဒေသသတင်းရင်းမြစ်က ပြောသည်။

ဟိုပုံးမြို့အဝင်ဆိုင်းဘုတ်နှင့် ပြည်သူ့စစ်အဖွဲ့ PNOက ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန်ဆင့်ခေါ်သည့်စာ။ ဓာတ်ပုံ - Pa-O LOYWEl ၊CJ

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်အတွက် တပ်သားသစ်များ ရရှိရေး ၎င်း၏လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO က ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန် အတင်းအကြပ် အမိန့်ပေးခေါ်ဆောင်လျက်ရှိကြောင်း အဆိုပါဒေသသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၂ရက်)က ဟိုးပုံးမြို့နယ်၌ စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်စာဖြင့် PNOက ကျေးရွာလူကြီးများအား အမိန့်ပေး လူသစ်စုဆောင်းမှု လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ဟိုပုံးမြို့အဝင်ဆိုင်းဘုတ်နှင့် ပြည်သူ့စစ်အဖွဲ့ PNOက ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန်ဆင့်ခေါ်သည့်စာ။ ဓာတ်ပုံ – Pa-O LOYWEl ၊CJ

“စာရင်းကတော့ စစ်သားစုဆောင်းခံရတဲ့ စာရင်းပေါ့။ဒီနေ့မှာ PNOက ရွာသူကြီးတွေကို ခေါ်တာပေါ့။ အဓိကက တပ်ဖွဲ့တပ်ခွဲ တပ်ရင်းတွေမှာ အင်အားဖြည့်ဖို့ နောက်ပြီး ကိုယ်ရေးအကျဉ်းတွေ ရေးသွင်းဖို့ ဒီနေ့ ဘုန်းကြီးကျောင်းမှာ အစည်းအဝေး ခေါ်တာပေါ့။ အောက်မှာ ပါတဲ့ စာရင်းထဲက လူငယ်တွေကိုတော့ အပ်ရမယ်ပေါ့ အဲဒီလူငယ်တွေက ပြည်ပရောက်နေတယ် ရပ်ဝေးဒေသ ရောက်နေတယ်ဆိုလည်း အစည်းအဝေးနေ့ ဒီနေ့မှာ တခါတည်း ခေါ်လာဖို့ PNO ပြည်သူ့စစ်ကအမိန့်ပေးတဲ့စာပေ့ါ ရွာသူကြီးတွေကို”ဟု ပအိုဝ်းဒေသ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအတွက် စစ်သားစုဆောင်းထားသည့် အမည်စာရင်းပါစာနှင့် စစ်မှုထမ်းရန် အရွယ်ရောက်သူ ဖြစ်ကြောင်း စာရင်းသွင်းရန် ဆင့်ခေါ်စာကိုလည်း လူမှုကွန်ရက်၌ ပြန့်နှံ့လျက်ရှိရာ ဆင့်ခေါ်စာတွင် သတင်းပို့သည့်အခါ မှတ်ပုံတင်အပါအဝင် စိစစ်ရေးကတ်များ မပျက်မကွက် ယူဆောင်လာရမည်ဟု ဖော်ပြထားသည်။

သတင်းပို့ရန် ပျက်ကွက်ပါက အရေးယူမည်ဟုလည်း ဟိုပုံးမြို့နယ်စစ်မှုထမ်း ဆင့်ခေါ်ယူရေးအဖွဲ့က ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။

ပအိုဝ်းဒေသခံများအနေဖြင့် စစ်ကောင်စီနှင့် PNO အတွက် လစဉ် ငွေကြေးထည့်ဝင်နေရသည့်အပြင် ယခုကဲ့သို့ လူသစ်စုဆောင်းများများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် PNOတပ်တို့သည် ဒေသခံများအား အဓမ္မ လူသစ်စုဆောင်းပြီး စစ်သင်တန်းကို ရက်တိုပေးကာ တပ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်၌ အသုံးပြုလျက်ရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တာဝန်ရှိသူတို့က ပြောကြားထားသည်။

ဇန်နဝါရီလအတွင်းက စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် အင်အား ၅၀၀ ကျော်ဖြင့် ဆီဆိုင်မြို့နယ် အတွင်း ထိုးစစ်ဆင်ခဲ့ရာ PNLAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်မှုများခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း သေဆုံးထိခိုက်သူများမှာ စစ်သားစုဆောင်းခံထားရသည့် တပ်သားသစ်များဖြစ်ကြောင်းလည်း PNLA ဘက်က ပြောကြားထားသည်။

စစ်ကောင်စီအနေဖြင့် ပအိုဝ်းဒေသ စစ်ဆင်ရေးများ၌ စစ်ကောင်စီတပ်အင်အားမှာ ရာခိုင်နှုန်းအနည်းငယ်သာ အသုံးပြုပြီး အများစုမှာ စစ်ကောင်စီနှင့် PNOတို့က ပအိုဝ်းဒေသခံများကို စစ်သားစုဆောင်းပြီး စစ်ဆင်ရေးများ၌ အသုံးချနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့်အဓမ္မစုဆောင်းထားသည့် တပ်သားသစ်ငါးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီပြည်နယ်နှင့် မကွေးတိုင်းရှိ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်သည်။

သတင်း

အောင်လံမြို့တွင် စစ်မှုထမ်းရန်နေအိမ်ထဲဝင်ဖမ်းသည့် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ဓားနှင့်ခုတ်ကာ ပြန်လည်ခုခံခဲ့သည့်မိသားစု ဘေးကင်းလုံခြုံစွာရှိနေကြောင်းသရက်ခရိုင်အမှတ်(၂)တပ်ရင်း၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် -အောင်လံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်တိုက်ပွဲ၌ စစ်အုပ်စုဘက်မှ လေးဦးအရှင်ဖမ်းမိပြီး သေနတ်နှင့်ကျည်များသိမ်းဆည်းရမိကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF တာဝန်ရှိသူ ကိုအင်းသွေနီ က လူထုနွေဦးသို့ပြောသည်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် လူငယ်တဦးအားစစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်သည့် စစ်ကောင်စီရဲ နှင့် ပျူစောထီးအဖွဲ့အား အိမ်ရှင်မိသားစုဝင်ကဓါးဖြင့်ခုတ်ရာနှစ်ဦးသေဆုံးသွားကြောင်း မြို့ခံများကပြောသည်။