close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး အမေရိကန်ရောက်မြန်မာများ ဆန္ဒပြ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက်​ မြန်မာများက (၁၅၁)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (ဖေဖော်ဝါရီ ၂၃) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Free Burma Action Committee

သုည/People’s Spring

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက်​ မြန်မာများက (၁၅၁)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (ဖေဖော်ဝါရီ ၂၃) ပြုလုပ်ခဲ့သည်။

အဆိုပါဆန္ဒပြမှုတွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” စာတန်းဖြင့် ပြုလုပ်ခဲ့ပြီး Free Burma Action Committee-Northern California က ဦးဆောင်ကာ နွေဦးတော်လှန်ရေး အင်အားစုများ၊ ကျောင်းသားအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် ထောက်ပို့ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဆန္ဒပြမြန်မာများက “တသံတည်းညီ တချီထဲရုန်း” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ၊ “Free Burma” ၊ “Free Our Leader” ၊ “China Stop Supporting Burmese Military Junta”၊ “Ban Companies Delivering Jet Fuel” စသည့် စာသားများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဆန္ဒပြသူများက ဆရာနိုင်မြန်မာ ရေးစပ်သီကုံးခဲ့သော လှောင်ချိုင့်ထဲက တေးသီချင်းကို သံပြိုင်သီဆို၍ ဆရာနိုင်မြန်မာကို ရည်စူးပြီး ဦးညွတ်ဂါဝရ ပြုခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီမှလုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ တော်လှန်လူငယ်များက ဦးဆောင်၍ လူစည်ကားရာ နေရာအနှံ့အပြား၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာတန်းများအား ဆေးမှုတ်ကာ လှုံ့ဆော်မှုကို ယနေ့ (ဖေဖော်ဝါရီ ၁၀)ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ တော်လှန်လူငယ်များက လူစည်ကားရာ စျေးတစ်ခု၌ ပြည်သူလူထုအား လှုံ့ဆော်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဖေဖော်ဝါရီ ၈ရက်က ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ တော်လှန်လူငယ်များက လူစည်ကားရာ စျေးတစ်ခု၌ ပြည်သူလူထုအား လှုံ့ဆော်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ (ဖေဖော်ဝါရီ ၈) ပြုလုပ်ခဲ့သည်။