close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီကနေ့ (ဖေဖော်ဝါရီ ၂၃)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီကနေ့ (ဖေဖော်ဝါရီ ၂၃)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီလူထုသပိတ်စစ်ကြောင်းက “အထွေထွေကြပ်တည်းမှုကို အံတုကြ”၊ “ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စတဲ့ စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့ စစ်(SNA) တပ်ဖွဲ့ဝင် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ မြိတ် -ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်း၌ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များကိုမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူသုံးရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄ဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၆)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။