close
Connect with us

Hi, what are you looking for?

သတင်း

မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့တရုတ် နိုင်ငံသား ၂၀၀ ပထမဆုံးအသုတ်ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား ၂၀၀ကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ ပထမဆုံးခေါ်ယူတဲ့အသုတ် ဒီကနေ့(ဖေဖော်ဝါရီ ၂၀ရက်)မနက်မှာ စတင်ခဲ့ပါတယ်။

ဓာတ်ပုံ - PS

People’s Spring

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား ၂၀၀ကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ ပထမဆုံးခေါ်ယူတဲ့အသုတ် ဒီကနေ့(ဖေဖော်ဝါရီ ၂၀ရက်)မနက်မှာ စတင်ခဲ့ပါတယ်။

မြဝတီဒေသက ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက် ဝန်ကြီး Mr. Liu Zhongyi ဟာ ဖေဖော်ဝါရီ၁၇ရက်က မြဝတီမြို့ကို ရောက်လာပြီး တရုတ်နိုင်ငံသားတွေ ပြန်လည်ခေါ်ဖို့ ဆွေးနွေးပြီး သုံးရက်အကြာမှာ ပထမဆုံးအသုတ်အနေနဲ့ စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မြဝတီ – မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီဒေသမှာရှိနေတဲ့ လူကုန်ကူးခံနေရတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နေရပ်ပြန်ချင်သူတွေ အားလုံးကို ပြန်ပို့ပေးမှာလို့လည်း ကရင်နယ်ခြားစောင့်တပ်(BGF)ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဒီကနေ့မှာ တရုတ်နိုင်ငံသား ၂၀၀နေရပ်ပြန်ပို့ပေးတာဖြစ်ပြီး သုံးရက်ဆက်ပြန်ပို့ပေးဖို့ စီစဉ်နေတယ်လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က လူထုနွေဦးကို ဒီကနေ့ ပြောပါတယ်။

“နောက်ရက်တွေမှာ ဘယ်လောက်ဆိုတာ မသိရသေးဘူး”လို့ သူက ပြောပါတယ်။

လက်တလော မြဝတီမြို့မှာ BGFက ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား တစ်ထောင်ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်က BGFထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်ဆေး၊ ဖမ်းဆီးမှုတွေစတင်ပြီး လူကုန်ကူးခံရတဲံသူတွေကို နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

မြဝတီဒေသမှာ ကျားဖြန့်လူကုန်ကူးမှုဂိုဏ်းတွေရှိနေတာကြောင်း ထိုင်းအစိုးရက မြဝတီမြို့အပါအဝင် နေရာငါးခုကို လျှပ်စစ်မီးနဲ့ လောင်စာဆီပေးပို့မှုတွေ ဖေဖော်ဝါရီ ၅ရက်က စတင် ဖြတ်တောက်ထားပါတယ်။

ဆက်စပ်သတင်းများ