ဆွေးနွေးမှုအဆင်မပြေဖြစ်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)ကထုတ်ပြန်အပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၉ရက်) ည၈နာရီကျော်တွင် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နောင်ချိုမြို့ပေါ် တစ်နေရာကို ည ၈နာရီ ၁၀မိနစ်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။
ကြီးမားသည့်ထိခိုက်မှုမရှိကြောင်း ကနဦးသိရသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။

Public Service Announcement
TNLAနှင့် စစ်ကောင်စီသည် တရုတ် အစိုးရ၏ တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဖေဖော်ဝါရီ ၁၆ရက်နှင့် ၁၇ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
သို့သော် ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် ဖေဖော်ဝါရီ ၁၇ရက် ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်ဟု TNLAက ယနေ့ သတင်းထုတ် ပြန်ခဲ့သည်။
ထို့နောက် ညပိုင်းအချိန်တွင် စစ်ကောင်စီက နောင်ချိုမြို့ကို ဗုံးကြဲခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၅ရက်ကည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံး ရာချီကြဲချတိုက်ခိုက်ခဲ့သေးသည်။

















































