အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က မြန်မာပြည်တွင်းမှာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုမယ့် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာဥပဒေ ကို ဖေဖော်ဝါရီလ ၁၈ ရက်မှာ လက်မှတ်ထိုး ထုတ်ပြန်လာပါတယ်။
မြန်မာပြည်တွင်းက တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်ဖို့ အကြောင်းပြချက်နဲ့ တရုတ်နဲ့စစ်ကောင်စီပူးပေါင်းပြီး လုံခြုံရေး ကုမ္ပဏီ တည်ထောင်ဖို့ လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီးနောက် အခုလို ဥပဒေ ကို ထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီခေါင်းဆောင် လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာဥပဒေ ထဲမှာ လုံခြုံရေး ကုမ္ပဏီတွေက လုံခြုံရေးဝန်ထမ်းတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုထားပါတယ်။

Public Service Announcement
လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ကို ကာလုံ လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆီ တင်ပြပြီးခွင့်ပြုချက်ယူရမှာပါ။
နိုင်ငံခြား လုံခြုံရေး ဝန်ဆောင်မှု ကုပ္မဏီဆိုရင်ခန့်မယ့် ဝန်ထမ်းဦးရေနဲ့ ၇၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားခန့်ရမယ်လို့ ပါရှိပါတယ်။
လုံခြုံရေးဝန်ထမ်းတွေဟာ အသက် ၁၈ နှစ်ပြည့်ပြီး ပြစ်မှုကင်းရှင်းရမယ့်သူတွေဖြစ်ရမှာ ဖြစ်သလို နိုင်ငံခြားသားဆိုရင်တော့ ပြည်ပ စစ်တပ် တစ်ခုခုက တပ်ဖွဲ့ဝင် မဟုတ်ရဘူးလို့ စစ်ကောင်စီက ကန့်သတ်ထားပါတယ်။
လုံခြုံရေး ကုမ္ပဏီတွေဟာ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရမယ်လို့ စစ်ကောင်စီ ရဲ့ ဥပဒေ မှာ ထည့်သွင်းရေးထားပါတယ်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေ ရဲ့သက်တမ်းကိုတော့ သုံး နှစ် လို့ သတ်မှတ်ပါတယ်။
ဥပဒေပါ တားမြစ်ချက်တွေ မလိုက်နာရင် ငွေဒဏ် အ နည်းဆုံးကျပ်သိန်းတစ်ထောင်ကနေ အများဆုံးကျပ်သိန်းသုံးထောင် အထိ ငွေဒဏ် ရိုက်မှာဖြစ်သလို ထောင်ဒဏ်ဆိုရင် အနည်းဆုံးတစ်နှစ်ကနေ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမယ်လို့ စစ်ကောင်စီ ရဲ့ ဥပဒေမှာ ပါရှိပါတယ်။
