close
Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၈၈)လက်အောက်ခံစစ်ကြောင်းကို နေပြည်တော်နှင့်သရက်ခရိုင်PDFများပူးပေါင်းတိုက်ခိုက်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသရက်ခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

နေပြည်​တော်PDFတပ်ဖွဲ့ဝင်များကိုသင်တန်းဆင်းပွဲတစ်ခုတွင်​တွေ့ရစဥ်။ ဓာတ်ပုံ-​Naypyitaw PDF

ကျော်ဇော၊က​ဖေး/People’s Spring

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသရက်ခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံ ထုတ်နှုတ်အင်အားများနှင့် ပျူများဖြင့် ဖွဲ့စည်းထားသည့် အင်အား ၉၀ ခန့်ပါစစ်ကြောင်းသည် ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းအား နယ်မြေရှင်းလင်းရန် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှစတင်ကာ ၇ ရက်ကြာစစ်ကြောင်းထိုးလာခြင်းဟုအမှတ်(၁)တပ်ရင်းက အသိပေးသည်။

စစ်ကောင်စီဗိုလ်မှူးအောင်ဇော်ဖြိုး ဦးဆောင်သည့် အဆိုပါစစ်ကြောင်းသည် ကိုးပင်-သာဂရလမ်းပိုင်းပေါ်ရှိဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာမှစတင်ကာဘန်းကုန်းကျေးရွာအထိ နယ်မြေရှင်းလင်းရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များကထိုစစ်ကြောင်းအား ကိုးပင်-သာဂရလမ်းပေါ်ရှိ ဝါးစိမြောင်ကျေးရွာနှင့် ကြက်မွေးနှုတ်ကျေးရွာအကြားတွင် ပဒေသာမိုင်းနှစ်တွဲအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှတာဝန်ရှိသူကပြောသည်။

ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိသွားပြီး ဆင်ပေါင်ဝဲမြို့ဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်း ၎င်းကဆက်​ပြောသည်။မိုင်းထောင်ထားသည့် သတ်ကွင်းအတွင်း ဝင်လာအောင် အချိန်ယူပြင်ဆင်ခဲ့ရသည်ဟု သရက်ခရိုင်အတွင်းမှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြော
သည်။

“ထိထိမိမိဆော်နိုင်တာ။ဒါကြောင့်စကစ ဘက်က အထိနာတာ။လက်ရှိစစ်ရေးကတော့သတိအနေအထားရှိနေကြရတယ်” ဟု ဆင်ဖြူကျွန်းဒေသခံ PDFတစ်ဦးကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရ​သောကြောင့် စစ်ကောင်စီတပ်များ ပြန်မဆုတ်မီ မိုင်းဆွဲတိုက်ခိုက်သည့် နေရာအနီးရှိ ပြည်သူပိုင်နေအိမ်နှစ်လုံးနှင့် တဲနှစ်လုံးအား စက် လကတ်များ၊ ၄၀ မမ ဗုံးသီးများဖြင့် ယမ်းသမ်းပစ်ခတ်သည့်အပြင် အဆောက်အအုံလေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အမှတ်(၁)တပ် ရင်းက ထုတ်ပြန်သည်။

“အိမ်နှစ်လုံးမှာ လူနေတယ်။ တဲနှစ်လုံးမှာတော့ မနေဘူး။ အိမ်ရှင်တွေက စစ်ကြောင်းသတင်းကြားလို့ အိမ်ပေါ်မှာရှိတဲ့ ပစ္စည်းတွေရွှေ့ထားတယ်”ဟု နေအိမ်နှင့်တဲများ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ပြည်သူများ၏အခြေ အနေကိုသရက်ခရိုင် အမှတ်(၁)တပ် ရင်းမှ တာဝန်ရှိသူကရှင်းပြသည်။

အထက်ပါစစ် ကြောင်းကို သရက်ခရိုင် အမှတ် (၁)တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂)နှင့် နေပြည်တော်တပ်ရင်း(၈၀၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူး ပေါင်းတပ်မှ တော်လှန် ရေးရဲဘော်များအထိ အခိုက်မရှိခဲ့ကြောင်း ၎င်းတပ်ဖွဲ့များထံမှ သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် နီးစပ်သောနေရာများတွင် ယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့မပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။

မကွေးတိုင်းအတွင်း၌ လက်ရှိကာလတွင် ဆင်ဖြူကျွန်းမြို့နယ်အပြင် ပွင့်ဖြူ၊ စလင်း၊ အထက်မင်းလှမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေသည်

ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ရက်နေ့က အထက်မင်းလှမြို့နယ်၊ ပုသိမ် – မုံရွာ ကားလမ်းမကြီး တစ်နေရာတွင်စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12တို့အပြင် စက်တပ်လေထီးများအသုံးပြု၍ တိုက်ခိုက်နေခြင်းကြောင့် လေကြောင်းအန္တရာယ်သတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက အတင်းအဓမ္မလူသစ်စုစောင်းခံရသည့် တပ်သားတစ်ဦး လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်မှ တိုင်း တာဝန်ခံ ကိုနောင်ချိုက လူထုနွေဦးသို့ ပြော သည်။

သတင်း

အိမ်နီးချင်းတရုတ်နိုင်ငံသည် မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်(စစ်ကောင်စီ)၏မျက်နှာကို ကြည့်သလို ဖြစ်နေကြောင်း အမျိုးသားညီညတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

သတင်း

နေပြည်တော်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီတပ်သား ၁၁ဦး အလင်းဝင်လာကြောင်း အဆိုပါဒေသများရှိ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီမှ ၃၀ ဦးခန့်ထိခိုက်မှုရှိခဲ့ပြီး ၁၂ဦးသေဆုံးကြောင်း ပူး ပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တပ်ရင်း(၉၀၁)မှ တပ်ရင်းမှူးက ပြောသည်။