close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် ဆွေးနွေးပွဲ မအောင်မြင်ဘဲပြီးဆုံးဟု TNLA ထုတ်ပြန်

တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ ပြုလုပ်သည့် စစ်ကောင်စီနှင့်ဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ဆွေးနွေးခဲ့သည့် TNLAဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား။ ဓာတ်ပုံ - TNLA

People’s Spring

တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ ပြုလုပ်သည့် စစ်ကောင်စီနှင့်ဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ကိုယ်စားလှယ်များနှင့် ကစထ(၁) မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ် ကိုယ်စားလှယ် တို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏စီစဉ်ချက်အရ ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်တို့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် ဖေဖော်ဝါရီ ၁၇ရက် ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်ဟု အသိပေးသည်။

ထို့အပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLFမှ ပစ်ခတ်တိုက်ခိုက်မှုများရပ်တန့်နိုင်ရန် အချက် (၃)ချက်ကိုသာ ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အဆိုပါအချက်များမှာ နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်နှင့် နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန် ဖြတ်သန်းသွားလာခွင့်ပြုရန်တို့ ဖြစ်သည်။

သို့သော် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဆွေးနွေးမှုအဆင်မပြေဖြစ်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)ကထုတ်ပြန်အပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၉ရက်) ည၈နာရီကျော်တွင် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့၌ ဆွေးနွေးနေချိန်မှာပင် စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေ ကွတ်ခိုင်-နမ္မတူ အစပ်နေရာနှင့် နောင်ချိုမြို့နယ်တောင်းခမ်း ဒေသကို လေကြောင်းမှထပ်မံ တိုက်ခိုက်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

တရုတ်အစိုးရ၏ တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တအာင်းတပ်မတော်(TNLA) နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးနေစဉ် TNLA ထိန်းချုပ်ရာဒေသ နမ္မတူ - ကွတ်ခိုင်မြို့နယ်အစပ်ကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)ညပိုင်းတွင် လေ ကြောင်းတိုက်ခိုက်ခံရမည်ဟူသော သတင်းများထွက်ပေါ်နေ၍ မြို့ခံများမှာ ညတွင်းချင်း တိမ်းရှောင်နေကြသည်။

Facebook