close
Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ်တစ်ဦး နေပြည်တော် ပကဖထံ လက်နက်နှင့်အတူ အလင်းဝင်လာ

စစ်ကောင်စီက အတင်းအဓမ္မလူသစ်စုစောင်းခံရသည့် တပ်သားတစ်ဦး လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်မှ တိုင်း တာဝန်ခံ ကိုနောင်ချိုက လူထုနွေဦးသို့ ပြော သည်။

လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသော စစ်မှုထမ်းတပ်သားတစ်ဦးနှင့် နေပြည်တော် ပကဖ မှ တာဝန်ရှိသူများကို တွေ့ရစဥ်။ ဓာတ်ပုံ - နေပြည်တော် ပကဖ

ကျော်ဇော/People’s Spring

စစ်ကောင်စီက အတင်းအဓမ္မလူသစ်စုစောင်းခံရသည့် တပ်သားတစ်ဦး လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နေပြည်တော်မှ တိုင်းတာဝန်ခံ ကိုနောင်ချိုက လူထုနွေဦးသို့ ပြော သည်။

ရှမ်းပြည်နယ်၊ ကျိုင်းခမ်းမြို့အခြေစိုက် ခမရ-၅၁၀ မှ စစ်မှုထမ်းအပတ်စဥ်တစ်တစ်ခု၏ တပ်သားသစ်တစ်ဦးဖြစ်သူ တပ်သားရန်နိုင်ကျော်အား နေပြည်တော်- ဒက္ခိဏခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ခေါ်ထုတ်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“အခုဟာက ကျနော်တို့တပ်ဖွဲ့ထံကို နှစ်ကြိမ်မြောက် ရောက်လာတာပေါ့နော်။ ပထမအ ကြိမ်တုန်းကတော့ စစ်မှုထမ်းတပ်သားရှစ်ဦးက ရှေ့တန်းတွေရောက်လာရင်းက ပြည်သူ့ဘက်ခိုလှုံလာတာဖြစ်လို့ ခက်ခက်ခဲခဲခေါ်ထုတ်ခဲ့ရတာမျိုးရှိတယ်။ အခု ဒုတိယအကြိမ်မှာတော့ အဲဒီလောက်အခက်အခဲမရှိခဲ့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒေသတွင်းတပ် ရင်းတပ်ဖွဲ့တွေက ခေါ်ထုတ်လာပြီး အဆင့်ဆင့်လွှဲပြောင်းလက်ခံရတာဖြစ်လို့ လမ်းတဝက် ကနေသွားကြိုပြီး ခေါ်ခဲ့ရတာ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်မှ တိုင်းတာဝန်ခံ ကိုနောင်ချိုက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော တပ်သား ရန်နိုင်ကျော်နှင့်အတူ MA-1အမျိုးအစားသေ နတ်တစ်လက်၊ ကျည် (၉၀)တောင့်နှင့် ကျည်ဘောက်သုံးဘောက်ယူဆောင်လာပြီး တပ်ဖွဲ့ထံအပ်နှံလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် တိုင်း၊ခရိုင် ဦးဆောင်အဖွဲ့မှ လွှဲပြောင်းလက်ခံယူခဲ့ပြီး တပ်သား၏ အချက်အလက်များအား စစ်ဆေးမေးမြန်း၍ မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည် တော်က အသိပေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ရှမ်း ပြည်နယ်၊ ပင်လောင်းမြို့နယ်ရှေ့တန်းစခန်းများမှနေ၍ စစ်ကောင်စီတပ် တပ်စိပ်မှုတစ်ဦးအပါအဝင် ခုနစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ နေပြည်တော်-ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။

သို့ဖြစ်ရာ စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်အမှုထမ်းနေသော တပ်သားများအနေဖြင့် အာဏာရှင်တစု၏ အကျိုးအတွက်ဆောင်ရွက်နေခြင်းအား အမြန်ဆုံးစွန့် လွှတ် ၍၊ ပြည်သူ့နှင့် ပူးပေါင်းရန် ပြည်သူ့ကာကွယ် ရေးအဖွဲ့-နေပြည်တော်က အလေးအနက် တိုက်တွန်းထားပြီး စစ်အာဏာရှင်ကို စွန့်ခွာ၍ ပြည်သူကို မျက်နှာမူမည်ဆိုပါက ပြည်သူ့ရင်ခွင်ဌာနနှင့် ချိတ်ဆက်နိုင်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ညအဓမ္မ​ခ​ခေါ်ယူစု​ဆောင်းသင်တန်းပေးခဲ့သည့် စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

သတင်း

People’s Spring စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲရန်မန္တလေးတိုင်းမှာ စစ်​ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)အပါအဝင် အဖွဲ့စုံဖွဲ့ထား ပြီး​တော့အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ စစ်သားလိုအပ်ချက်အရ လူငယ်​တွေကို အဓမ္မဖမ်းဆီး စစ်သားသစ်စု​ဆောင်း​နေတဲ့ညစစ်​ကောင်စီဟာ အခုအခါ မန္တ​လေးတိုင်းမှာ လူငယ်​တွေကို​ပေါ်တာဆွဲဖမ်းဆီး​ခေါ်​ဆောင်ဖို့အတွက် လဝက၊​ထွေအုပ်၊အကျဥ်းဦးစီး၊ရဲနဲ့စစ်သားတွေပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ “အဖွဲ့စုံဖွဲ့တာတော့ကြာပြီ။မြို့ပေါ်မှာမလုပ်ဖြစ်သေးတာ။တံတားဦးဘက်မှာတော့ အပတ်စဥ် ၆ လောက်ကတည်းကလုပ်နေတယ်”လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးကပြောပါတယ်။စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးချိန်မှာ...

သတင်း

စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ်လေးခုအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ လူငယ် ၁၈၅ဦး ဖမ်းဆီးသွားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးထုတ်ပြန် သည်။

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းများ၏ စကားသံများကို ချင်းညီနောင်က ထုတ်ပြန်ခဲ့ရာ စစ်မှုထမ်းစစ်သားများ လက်နက်ချရန်အခွင့်ရပါက တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် ဖမ်းမိစစ်သုံ့ပန်များက တိုက်တွန်းပြောဆိုသည်။