close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

အုပ်စုဖွဲ့ ဆိုင်ကယ်လုယူခံရသည့် ဖြစ်စဥ်ကို CCTV မှတ်တမ်းမှ တွေ့ရစဥ်။ ရုပ်သံ - စုဒါလီ

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

ချမ်းမြသာစည်မြို့နယ် ၊ အနောက်မြို့သစ် ၆၉ အေလမ်း ၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ် စီး အမျိုးသား ၆ ဦးက အခြားသောဆိုင်ကယ်စီးအမျိုးသားကိုရန်ပြုကာ ဆိုင်ကယ်လုယက်သွားတာပါ။

CCTV မှတ်တမ်းအရ ကလစ် ဆိုင်ကယ် (Click) အမျိုးအစားမောင်းနှင်လာတဲ့အမျိုးသားကို မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ၃ စီးနဲ့အမျိုးသား ၆ ဦးက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ရန်ပြုကာ ဆိုင်ကယ်ကိုလုယက်သွားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်ပိုင်ရှင်အမျိုးသားက ဆိုင်ကယ်ကို ပြန်ရဖို့ ကြိုးပမ်းရာမှာ ရန်ပြုတိုက်ခိုက်တာကို CCTV မှတ်တမ်းမှာတွေ့ရပါသေးတယ်။

” လွယ်လို့ လစ်လို့ ဆိုင်ကယ်လုတာမဟုတ်တော့ဘဲ ပေါ်တင်အုပ်စုလိုက် ဓားမြတိုက်ယူတာ၊ မပေးရင် အသက်အန္တရာယ်ကိုပါ ရန်ပြုတဲ့အဆင့်ဖြစ်နေပြီ”လို့ မန္တလေးမြို့ခံ ရဲအရာရှိဟောင်းတစ်ဦးက ဖြစ်စဉ်အပေါ် ပြောပါတယ်။

လုယက်ခံရတဲ့ ဆိုင်ကယ်အမျိုးအစားဟာ Honda Click 150 Model 2020 ဖြစ်ပြီး ကာလပေါက်စျေး ကျပ်သိန်း၉၀အထက် ရှိနေပါတယ်။

ဆိုင်ကယ်လုယက်သူတွေ တန်ဖိုးကြီး ဆိုင်ကယ်တွေကိုသာ ပစ်မှတ်ထားလုယက်လေ့ရှိတာလို့ မြို့ခံတွေဆီကသိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လုယက်မှုတွေကို ဗြောင်ကျကျ ကျူးလွန်လာနေကြတာပါ။

ဆက်စပ်သတင်းများ

News Story

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။

သတင်း

ပုဂံညောင်ဦးကအပြန် ရန်ကုန်ကိုတန်းမပြန်သေးဘဲ မြို့မန္တလာ​ဘက် ခရီးဆက်ဖြစ်တယ်။ ပုဂံအသွားတုန်းက ကြည့်မြင်ခွင့်မရတဲ့ မန္တ​လေးတိုင်းဘက်ခြမ်း အမြန်လမ်းအခြေ အနေကို သိလိုစိတ်စောနေခဲ့ပါတယ်။

သတင်း

စစ်မှုထမ်းဥပဒေအကြောင်းပြ ပြီး မန္တလေးမှာ တစ်လတာအတွင်းစစ်ကောင်စီက လူငယ်ဦးရေ ၄၀၀ ခန့် ဖမ်းဆီးခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုရဲ့ ကောက်ယူရရှိထားတဲ့စာရင်းအရ သိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း အရန်ရဲတပ်ဖွဲ့ခွဲရုံးအတွင်းက ဝန်ထမ်းလိုင်းခန်းတွေ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။