close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့စစ်ခေါင်းဆောင်ရွှေကျားအဖွဲ့ရှင်းလင်းစဥ် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ အမည်စာရင်းများရရှိခဲ့ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်

စစ်ကိုင်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်ရွှေကျားနှင့်အဖွဲ့အား ရှင်းလင်းစဥ် မင်းကွန်းမြို့နှင့် ကျောက်တာရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ အမည်စာရင်းနှင့် နေရပ်လိပ်စာများရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၅ရက်) ထုတ်ပြန်သည်။

ရွှေကျားအဖွဲ့အား ပစ်ခတ်ပြီးနောက် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - Acid

ရဲခေါင်/People’s Spring

စစ်ကိုင်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်ရွှေကျားနှင့်အဖွဲ့အား ရှင်းလင်းစဥ် မင်းကွန်းမြို့နှင့် ကျောက်တာရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ အမည်စာရင်းနှင့် နေရပ်လိပ်စာများရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၅ရက်) ထုတ်ပြန်သည်။

ထို့ကြောင့် အချိန်မီရသည့်နည်းဖြင့် အလင်းဝင်ရန် ၊အလင်းမဝင်ပါက အသက်အန္တရာယ် အာမခံမည်မဟုတ်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည့်အမည်စာရင်းများအရ မင်းကွန်းပြည်သူ့စစ်များအား စစ်ကောင်စီ၏ ခမရ(၁၃)တပ်ရင်းက ဘီအေ(၆၃)အမျိုးအစား သေနတ် ၇၅လက်နှင့် ခဲယမ်းများ ချပေးထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့ပေါ်တွင် ပေါ်တာဆွဲ၊လုယက်၊ ပြည်သူများအား ခြိမ်းခြောက် ငွေညစ်တောင်းခံနေသော စစ်ကိုင်းမြို့ မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ရွှေကျား(ခ)ကျော်မျိုးထွန်းနှင့် အပေါင်းအပါများသည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက် ညက တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်၍ သေဆုံးခဲ့သည်။

ရွှေကျားအပါအဝင် ပြည်သူ့စစ် ခုနစ်ဦး၏ ရုပ်အလောင်းနှင့် သေနတ် ၆လက်ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းရခဲ့သည်။ ထို့နေညပိုင်း၌ပင် လက်ပံကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နန်းဝင်းသန့်လည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ရွှေကျားနှင့်အဖွဲ့ ရှင်းလင်းစဥ် ၎င်းတို့မောင်းနင်လာသောယာဥ်ပေါ်၌ ကလေးနှစ်ဦးပါရှိလာသည်ကို ပစ်ခတ်ရှင်းလင်းပြီးချိန်တွင် တွေ့ရှိ၍ အသက်ရှင်လျက်ရှိနေသောကြောင့် အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်သား တစ်ဦးနှင့်အတူ ပြန်လွှတ်ပေးခဲ့ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ACIDအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

Facebook