ဆိုင်းမင်း/People’s Spring
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်းအစိုးရအဖွဲ့ ရဲ့ ဘီးခွန်ကောက်ခံရေးဂိတ် ဇန်နဝါရီလ ၁၂ ရက်ညနေပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရလို့ ငွေကောက်ခံသူ စည်ပင်ဝန်ထမ်း အမျိုးသား ဒဏ်ရာရသွားတယ်လို့သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စည်ပင်သာယာ ဘီးခွန်ဂိတ်ဟာ အမရပူရမြို့နယ်၊ ဆောက်တောဝ ကျေးရွာအနီးမှာ ရှိပြီး ဇန်နဝါရီလ ၁၂ ရက်ညနေ ၅ နာရီခန့်မှာ လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရတာလို့ ဒေသခံဆီကသိရပါတယ်။
တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သွားသူ အမျိုးသားဟာ ဦးခေါင်းဒဏ်ရာရပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့နှစ်ကလည်း အမရပူရမြို့နယ်ထဲမှာပဲ ထုံးဘို -ပြင်ဦးလွင်လမ်းပိုင်းက စည်ပင်ဘီးခွန်ဂိတ် မိုင်းခွဲခံရတဲ့ ဖြစ်စဉ် ဖြစ်ထားပါတယ်။
