ဆဏ်း / People’s Spring
စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ရည်ရွယ်ပြီး ချင်းမိုင်မှာ ပြုလုပ်မယ့် ရန်ပုံငွေရုပ်ရှင်ပြပွဲကို လာရောက်အားပေး ကြဖို့ မင်းမော်ကွန်းကဖိတ်ခေါ်ထားပါတယ်။
“ဒီဇာတ်ကားနှစ်ကားကိုပြသလို့ရလာတဲ့ ရန်ပုံငွေ ၁၀၀ ရာခိုင်နှုန်းကို စစ်ကိုင်း ၊ မန္တလေး ၊ မကွေးမှာရှိနေတဲ့ စစ်ဘေးရှောင်များအတွက်ကို လှူဒါန်းသွားမှာဖြစ်ပါတယ်” လို့ မင်းမော်ကွန်းကပြောပါတယ်။
ဒီရုပ်ရှင်ပြပွဲမှာ မင်းမော်ကွန်းပါဝင်သရုပ်ဆောင်ထားတဲ့ ဖြတ် နဲ့ အတူတကွ ဇာတ်လမ်းတို ရုပ်ရှင် နှစ်ကားကို ပြသသွားမှာပါ။

Public Service Announcement
ဒီပွဲကို ချင်းမိုင်တက္ကသိုလ်ရဲ့ Communication Innovation Center မှာပြုလုပ်မှာဖြစ်ပြီး ပွဲစဉ်နှစ်ပွဲပြသသွားမှာဖြစ်ပါတယ်။
လက်မှတ်ဈေးနှုန်းအနေနဲ့ ဘတ် ၃၀၀ သတ်မှတ်ထားပြီး ဒီပွဲကို ချင်းမိုင်ရောက်တော်လှန် အနုပညာရှင်တွေလည်း လာရောက်မယ်လို့ ကြေညာထားပါတယ်။
“အတူတကွ … ဖြတ်၊ အတူတကွ …လှူ၊ အတူတကွ…ကူကြဖို့ ချင်းမိုင် ရောက် တော်လှန်ပြည်သူများ လာရောက်ကြည့်ရှု အားပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်” လို့ Together Production က လည်း ကြေညာထားပါတယ်။
















































