close
Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတောင်မှာ တစ်နှစ်အတွင်း စစ်ရှောင်ပြည်သူခြောက်သောင်းအထိရှိခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ဦးရေဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ခြောက်သောင်းခန့် ရှိပြီး သေဆုံးသူ ၁၃၀နီးပါးထိရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ကနေ သိရပါတယ်။

ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ဦးရေဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ခြောက်သောင်းခန့် ရှိပြီး သေဆုံးသူ ၁၃၀နီးပါးထိရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ကနေ သိရပါတယ်။

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းစစ်ရှောင်ဦးရေ ခြောက်သောင်းထိ ရှိခဲ့တာဖြစ်ပြီး အခုနှစ် ဇန်နဝါရီလဒုတိယပတ်မှာတင် နောက်ထပ် စစ်ရှောင်ဦးရေ ငါးထောင်ခန့် ထပ် တိုးလာတယ်လို့ PYO ရဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။

တစ်နှစ်အတွင်းအရပ်သားသေဆုံးသူဦးရေက ၁၂၇ ဦးထိရှိခဲ့ရာမှာ ကလေး ၁၆ ဦး ၊ အမျိုးသမီး ၁၆ ဦး ၊ အမျိုးသား ၈၉ ဦးနဲ့ ကျား ၊မ အတည်မပြုနိုင်တော့တဲ့သူ ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားတွေ သေဆုံးရတဲ့အကြောင်းရင်းကတော့ သတ်ဖြတ်ခံရတာ ၊ လက်နက်ကြီး ပစ်ခတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုတွေ ကြောင့် ဖြစ်ပြီး မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေမှာ အသက်ဆုံးပါးခဲ့ရတာတွေ ရှိခဲ့တာပါ။

ဒါအပြင် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ဒဏ်ကြောင့် ဘာသာရေးအဆောက်အဦး ၃၂ ခု ၊ ဆေးရုံ၊ ဆေးခန်းတွေအပါအဝင် နေအိမ် ၁,၄၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ ထွက်လာသော စစ်ဘေးရှောင်ပြည်သူ ၂၈၀ဦးဝန်းကျင် လိုက်ပါလာသည့် သင်္ဘောကို ဧရာဝတီတိုင်း ဟိုင်းကြီး ကျွန်းအနီးပင်လယ်ပြင်တွင် စစ်ကောင်စီက တားမြစ်ထားပြီး ၇ ရက်ကြာသည့်တိုင် ကမ်းကပ်ခွင့်မ​ပေးသလို ပြန်ထွက်ခွင့်မ​ပေး၍ ကလေးငယ်၊အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများအပါအဝင် သင်္ဘောပေါ်ရှိသူအားလုံး အခက်အခဲကြုံတွေ့နေသည်။

သတင်း

စစ်ကောင်စီက ဒီဇင်ဘာလ ၇ရက်ညမှစ၍ ဒရုန်းဖြင့် ဓာတုဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု DPLA ကထုတ်ပြန်သည်။ ထိုနောက်ပိုင်း၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်​နေ့တွင်အပြင်းထန်ဆုံးဖြစ်နေခြင်းဟု​ဒေသခံအချို့က​ပြောသည်။

ဆောင်းပါး

ညသန်းခေါင်ကျော်ပြီမို့ ဝန်းကျင်တခုလုံး တိတ်ဆိတ်နေချိန် သားကလေးဆီက တဟင်းဟင်းဆိုတဲ့ အသံကျယ်ကြီးသာ ထွက်ပေါ်နေတယ်။

သတင်း

စစ်ဘေးရှောင်ပြည်သူ ၄၀၀ခန့်ရှိနေပြီး ဆေးဝါး၊အနွေးထည်၊စောင်များ၊ စားနပ်ရိက္ခါများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

Facebook