close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့ တိုင်းရင်းသားကောလိပ်အနီး တိုက်ပွဲဖြစ်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။

(GZP Mandalay ၏ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - GZP)
(GZP Mandalay ၏ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - GZP)

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (တိုင်းရင်းသားကောလိပ်)အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၃ရက် နံနက် ၁၁နာရီခွဲခန့်က စစ်ကိုင်းမြို့၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်မှထွက်လာသော စစ်ကောင်စီယာဥ်တန်းကို ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရေမျက်လမ်း​ဆုံ၌ စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Generation Z Power – GZP ( Mandalay)၏ တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိုင်းရှင်းရန် အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ရာမှ ၂ နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကားတွေပေါ်မှာ သေဆုံးတာတွေရှိတယ်။ ပြည်သူတွေရဲ့သတင်းပေးပို့မှုတွေကနေတဆင့်လမ်းပေါ်မှာ သေဆုံးတာတွေ မျက်မြင်တွေ့ခဲ့ရတာတွေ ရှိတယ်။ ခုချိန်ထိ ကျဆုံးရဲဘော်ရဲ့ခန္ဓာကိုငါးစာအနေနဲ့ထားထားပြီး ကင်းပုန်းဝပ်နေတာရှိတယ်။”ဟု GZP ( Mandalay)၏ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“တိုက်ပွဲဖြစ်ပြီး မုံရွာ-မန္တလေးလမ်းတလျှောက် ကင်းပုန်းတွေချတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား Generation Z Power – GZP ( Mandalay)ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး)၊ Taw Twin Tup Pi LDF၊ BRA LDF၊ Phoenix Sgg၊ မှောင်မဲအဖွဲ့၊ စစ်ကိုင်းပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့တွင် ယခုဒီဇင်ဘာအတွင်း တော်လှန်ရေးအဖွဲ့များက စစ်ဆင်ရေးများ ခပ်စိတ်စိတ်ဖော်ဆောင်နေရာ ဒီဇင်ဘာ ၂၀ ရက်ကပင် စစ်ကိုင်း-မင်းကွန်းကားလမ်းတွင် ပျူစောထီးခေါင်းဆောင်၏ ကားအား အခြားတော်လှန်ရေးအဖွဲ့များက ပစ်ခတ်ခဲ့ရာ ကားပေါ်ပါ ပျူစောထီးအချို့ ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ဒီဇင်ဘာ၂၂ရက်ညကစ၍ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေ၍ ဒေသခံများအား တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းမှာ မောတောင်မြို့နှင့် ခန့်မှန်းမိုင် ၂၀ကျော် ၃၀ နီးပါးဝေးသည့် သိန်းခွန်ရွာ၌ ဆက်ရှိနေပြီး ဒေသခံပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးမှုများရှိနေသည်။

သတင်း

ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးသည် မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်း၌ ရောက်ရှိလာခြင်းဖြစ်သည်။

သတင်း

ဦးနေလင်းအောင်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌လည်း ထပ်မံအနိုင်ရရှိခဲ့သူဖြစ်သည်။