close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့ပေါ် ကင်းပတ်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ယမန်နေ့ညက ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာပြီး တစ်မြို့လုံးကြားလိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။

(ချောင်းဦးပကဖ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - ချောင်းဦးပကဖ)
(ချောင်းဦးပကဖ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - ချောင်းဦးပကဖ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် ညဘက်ကင်းပတ်နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ၂၄ရက် ညက ချောင်းဦးမြို့ပေါ်ရဲစခန်းမှ မြို့တွင်းကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်သား ၁၀ဦးကို ည ၈နာရီ မိနစ် ၅၀ခန့်တွင် မြို့တွင်းတနေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တိုက်ခိုက်ရေးတပ် CHU PDF၏ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈ ဦးခန့် ထိခိုက်မှုပြင်းထန်ခဲ့ကြောင်း ချောင်းဦးပကဖ တိုက်ခိုက်ရေးတပ်၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“အများစု သေနိုင်ချေရှိတယ်။ မီးဖြတ်ပြီးတော့ အလောင်းကောက်သွားတယ်။”ဟု ၎င်းတာဝန်ရှိသူကပြောသည်။

ယမန်နေ့ညက ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာပြီး တစ်မြို့လုံးကြားလိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။

“ညက ရဲစခန်းနား အုန်းသံ ကြားလိုက်ရတယ်။”ဟု ချောင်းဦးဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၅ရက်) နံနက် ၁၀ နာရီခန့်ကလည်း မုံရွာ – မန္တလေး လမ်းမကြီး မုံရွေးတိုးဂိတ် အနီး၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား ၂ဦးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း ချောင်းဦးပကဖကက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ချောင်းဦးပကဖသည် ဒီဇင်ဘာ ၁၇ ရက်ကလည်း မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ် ကင်းလာစောင့်မည့်တိုက်အဆောက်အဦးအတွင်း မိုင်းကြိုဆင်၍ တိုက်ခိုက်ခဲ့ရာ စစ်ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ဒီဇင်ဘာ၂၂ရက်ညကစ၍ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေ၍ ဒေသခံများအား တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

သတင်း

ပြင်ဦးလွင်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ နောင်ချိုမြို့နယ်က တောင်းခမ်းကျေးရွာမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (ဒီဇင်ဘာ ၂၄ရက်)တွင် ခရစ္စမတ်ဆုတောင်းစကား ပြောကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ပဲခူးတိုင်းဘက်မှတိုက်ပွဲများ၊ AA၏ ဂွမြို့သိမ်းတိုက်ပွဲများတွင် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ဝင်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

Facebook