close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်း​ပိုင်းတွင် တိုက်ပွဲဖြစ်နေ

စစ်ကောင်စီတပ်စစ်ကြောင်းမှာ မောတောင်မြို့နှင့် ခန့်မှန်းမိုင် ၂၀ကျော် ၃၀ နီးပါးဝေးသည့် သိန်းခွန်ရွာ၌ ဆက်ရှိနေပြီး ဒေသခံပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးမှုများရှိနေသည်။

(ဆင်းခွန် - မောတောင်စစ်ဆေးရေးဂိတ်အား ထိုင်းနိုင်ငံဘက်ခြမ်းမှ မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဆင်းခွန် - မောတောင်စစ်ဆေးရေးဂိတ်အား ထိုင်းနိုင်ငံဘက်ခြမ်းမှ မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကျောဇော/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီ – မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယခုရက်ပိုင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း ကော်သူးလေတပ်မတော် (KTLA)ထံမှ သတင်းရရှိသည်။

စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့်သည် မောတောင်မြို့ဘက်သို့ဦးတည်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းအတိုင်း စစ်ကြောင်းထိုးနေခြင်းကြောင့် အဆိုပါ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၃ရက်ခန့်ရှိပြီဟု KTLA မှ ဗိုလ်ကျားလေးက ပြောသည်။

“တိုက်ပွဲအခြေအနေက သူတို့ဘက်က တော်တော်လေး အထိနာနေတယ်ဗျ။ လေကြောင်းကနေ ဗုံးကြဲတာတွေပါ လုပ်နေတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် နှစ်ဘက်စစ်ရေးတင်းမာနေဆဲဖြစ်ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအား အတိအကျ မသိရသေးဘဲ တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များရှိနေသည်ဟုယူဆသည့်နေရာများသို့ စစ်တပ်ဘက်မှ လေကြောင်းပစ်ခတ်မှု နှစ်ကြိမ်ရှိပြီဟု ဗိုလ်ကျားလေးက ရှင်းပြသည်။

လေကြောင်းပစ်ခတ်မှုမှာ ပြီးခဲ့သည့်ရက်ပိုင်းက တစ်ကြိမ်၊ ဒီဇင်ဘာ ၂၃ ရက်က တစ်ကြိမ်ပြုလုပ်ထားပြီး ပစ်ခတ်ခံရမှုအတွင်း ဒေသခံပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်း ကနဦး စုံစမ်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှာ မောတောင်မြို့နှင့် ခန့်မှန်းမိုင် ၂၀ကျော် ၃၀ နီးပါးဝေးသည့် သိန်းခွန်ရွာ၌ ဆက်ရှိနေပြီး ဒေသခံပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးမှုများရှိနေသည်။

အထက်ပါ တိုက်ပွဲများကြောင့် တနင်္သာရီ-မောတောင်ပိုင်းအား သွားလာခွင့်ယာယီကန့်သတ်ထားပြီး တော်လှန်ရေးတပ်ဖွဲ့များက သတိပေးမှုများလုပ်ဆောင်ထားကာ သိန်ခွန်း၊ သဲဖြူ၊ ထုံခါနှင့် အမှတ် (၉) ရွာအပါအဝင် ကျေးရွာ ၁၀ ရွာခန့် စစ်ဘေးရှောင်နေကြရသည်။

မောတောင်မြို့ရှိ မောတောင်နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင်၊ ပရာကျွတ်မြို့နယ် ဒန်းဆင်းခွန်ကျေးရွာရှိ ဆင်းခွန်နယ်စပ်ဂိတ်မှာ နှစ်နိုင်ငံကုန်သွယ်ရေး နယ်စပ်ဂိတ်ဖြစ်သည်။ မောတောင်နယ်စပ်ဂိတ်နှင့် တနင်္သာရီမြို့မှ မိုင်(၆၀)ခန့် ကွာဝေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးသည် မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်း၌ ရောက်ရှိလာခြင်းဖြစ်သည်။

သတင်း

ဦးနေလင်းအောင်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌လည်း ထပ်မံအနိုင်ရရှိခဲ့သူဖြစ်သည်။

သတင်း

ချင်းညီနောင်အဖွဲ့မှ မြို့နယ်လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကိစ္စရပ်များအားလုံးကို စနစ်တကျ လည်ပတ်လာနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးသည်။

သတင်း

တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး ၁၁ဦး ဒဏ်ရာရရှိကာ ဒရုန်းတစ်စီး ပျက်စီးခဲ့သည်ဟုဆိုသည်။