close
Connect with us

Hi, what are you looking for?

သတင်း

နပခသိမ်းပြီး ရက္ခိုင်တပြည်နယ်လုံးလွတ်​မြောက်​တော့မည့်AAအောင်ပွဲအ​ပေါ်ဂုဏ်ပြုပြီး

ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNLO)၊ ပအိုဝ်ဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီအာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊မွန်ပြည်ဖက်ဒရယ်(MSFC)တို့က ယနေ့ (ဒီဇင်ဘာလ ၂၅) ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

AA တပ်ဖွဲ့ဝင်များ
AA တပ်ဖွဲ့ဝင်များ

တစ်နိုင်ငံလုံးလွတ်​မြောက်​ရေးပူး​ပေါင်းတိုက်ပွဲဝင်မည်ဟုမွန်နှင့်ပအိုဝ်တော်လှန်ရေးလေးဖွဲ့ကသဝဏ်လွှာ​ပေးပို့

အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA)က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုသိမ်းပိုက်နိုင်ခဲ့ပြီးရက္ခိုင်တပြည်နယ်တစ်ခုလုံး လွတ်မြောက်တော့မည့်အောင်ပွဲအတွက် ဂုဏ်ပြုကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးလွတ်မြောက်ရေးအတွက်ပူးပေါင်းတိုက်ပွဲဝင်မည်ဟု မွန်နှင့်ပအိုဝ်တော်လှန်ရေးတပ်ဖွဲ့လေးဖွဲ့ကသဝဏ်လွှာထုတ်ပြန်သည်။

ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNLO)၊ ပအိုဝ်ဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီအာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊မွန်ပြည်ဖက်ဒရယ်(MSFC)တို့က ယနေ့ (ဒီဇင်ဘာလ ၂၅) ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ နိုင်ငံရေးဦးဆောင်မှု၊ အာရက္ခတပ်တော်၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်မှုများကြောင့် နပခကိုဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီးမကြာမီကာလတွင် ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် AA၏ ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပအိုဝ်တော်လှန်ရေးလေးဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာ​
ပအိုဝ်တော်လှန်ရေးလေးဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာ​

စစ်အာဏာရှင်စနစ်အောက်မှ ပထမဦးဆုံးလွတ်မြောက်မည့် ရခိုင်ပြည်နယ်၏ အလားအလာကောင်းများနှင့်အတူ ရက္ခိုင်ပြည်လွတ်မြောက်ရေးတွင်သာရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်ရင်းသားလူမျိုး အသီးသီး၏လွတ်မြောက်ရေးတိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူ လူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ULA/AA ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း အထူးပင်ဂုဏ်ယူရပါသည်ဟု ဆိုထားသည်။

ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ULA/AA ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးကြေညာချက်ကိုလည်းမွန်နှင့်ပအိုဝ်တော်လှန်ရေးတပ်ဖွဲ့လေးပွဲက ပြန်လည်ဖော်ပြထားပြီး မြန်မာတစ်နိုင်ငံလုံးလွတ်လပ်ရေးအတွက် အတူတူဆက်လက်တိုက်ပွဲဝင်မည်ဟု အသိပေးထားသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ထုတ်ပြန်ချက်တွင်“မိမိတို့အားလုံးနှင့် မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသော ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။

ထိုဖော်ပြချက်နှင့်အညီ ပြည်ထောင်စုတဝန်းလုံးတွင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းလုံးများနှင့်အတူ လူထုတော်လှန်ရေး၏အောင်ပွဲအဆင့်ဆင့်ကို ရရှိခဲ့ပြီး စစ်အုပ်စု၏ ရှုံးနှိမ့်မှုများကိုလည်း ပီပီပြင်ပြင် တွေ့မြင်နေရပြီး ဖြစ်ပါသည်ဟု မွန်နှင့်ပအိုဝ်တော်လှန်ရေးတပ်ဖွဲ့လေးဖွဲ့က ရေသားထားသည်။

မီး​လောင်ပျက်စီး​နေ​သောနပခ ဌာနချုပ်
မီး​လောင်ပျက်စီး​နေ​သောနပခ ဌာနချုပ်

မိမိတို့အနေဖြင့်လည်း “တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံး လွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမည်၊ ယခုအောင်ပွဲသည် ရက္ခိုင်ပြည်သူတို့၏ အောင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး၏ အောင်ပွဲလည်းဖြစ်သည်”ဟု ခံယူထားသည်နှင့်အညီ သူ့အရေး ကိုယ့်အရေး၊ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်း တိုက်ပွဲဝင်ကြလျက် ရှိပါသည်ဟု ဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအားလုံး လိုလားသော စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွင် ညီနောင် မဟာမိတ်သုံးဖွဲ့ အပါအဝင် ဘဝတူညီနောင်တော်လှန်ရေးအင်အားစုများနှင့်အတူခိုင်ခိုင်မာမာ လက်တွဲ တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်းသဝဏ်လွှာ၌ ဖော်ပြထားသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၊ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း အာရက္ခတပ်​တော်က အမ်းနပခ သိမ်းပိုက်နိုင်ခဲ့ခြင်းအ​ပေါ် ဒီဇင်ဘာ ၂၁ ရက်တွင် ဂုဏ်ပြု​ကြောင်း သဝဏ်လွှာ ​ပေးပို့ခဲ့သည်။ထို့အပြင် ပြည်နယ်တစ်ခုလုံး စစ်အာဏာရှင်စနစ်​​အောက်မှ မကြာမီလွတ်​မြောက်မည်ကို ယုံကြည်ပြီး မြန်မာတစ်ပြည်လုံး နှင့်ပြည်သူတစ်ရပ်လုံး လွတ်​မြောက်​ရေး စစ်အာဏာရှင်စနစ် ပြုတ်ကျ​ အဆုံးသတ်​ရေးလက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်​ကြောင်း​ဖော်ပြထားသည်။

(AA တပ်ဖွဲ့ဝင်များ ၊ မီး​လောင်ပျက်စီး​နေ​သောနပခ ဌာနချုပ် နှင့် မွန်၊ပအိုဝ်တော်လှန်ရေးလေးဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာ​။ဓါတ်ပုံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

ချောင်းသာနှင့် ရွှေသောင်ယံမြို့နယ်တွင် စစ်ဘေးရှောင် သုံးထောင်ခန့်ရှိနေသည်။ ဒေသခံများအား ပင်လယ်၌ငါးဖမ်းခွင့်ကိုလည်း စစ်ကောင်စီကပိတ်ပင်ထားသည်။

သတင်း

AA အနေဖြင့် ရက္ခိုင်ရှိ လက်ကျန်မြို့များအနက် တောင်ကုတ်၊ မောင်တော်၊ အမ်းတို့ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဂွမြို့ကိုလည်းရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်တော့မည်ဟု ထုတ်ပြန်ထားသည်။

သတင်း

တိုင်းတိုင်းစစ်ဌာနချုပ်ကြီး (၂)ခုကို တော်လှန်ရေးတပ်ဖွဲ့များကခြေမှုန်းနိုင်ခြင်းသည် စစ်ကောင်စီ၏ အဆုံးသတ်နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်းဖြစ်

သတင်း

အမ်းမြို့နယ်တစ်ခုလုံးအား ယနေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြို့သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော (၁၄) မြို့မြောက် မြို့ဖြစ်လာခဲ့ပြီဖြစ်သည်။

Facebook