close
Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ချိန် မိနစ်(၃၀)ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ တစ်ဦး နေရာတင်သေဆုံး၍ တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု တပ်ရင်း (၃၆၀၁)က အသိပေးသည်။

(ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ မှ တော်လှန်ရေးရဲဘော်အချို့ကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - PPDF)
(ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ မှ တော်လှန်ရေးရဲဘော်အချို့ကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - PPDF)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင်စခန်းမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၏ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀နာရီခွဲခန့်က ပေါင်းတည်မြို့နယ် သိမ်းကုန်းကျေးရွာဘက်မှ နတ္တလင်းမြို့နယ်သို့လာသော စစ်ကောင်စီတပ် အင်အား(၄၀)ခန့်ကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၂)က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ချိန် မိနစ်(၃၀)ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ တစ်ဦး နေရာတင်သေဆုံး၍ တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု တပ်ရင်း (၃၆၀၁)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ လက်နက် ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအင်အားမမျှသဖြင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ် ခွာခဲ့ရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်က သေဆုံးနှင့် ဒဏ်ရာရသူအချို့ကို သယ်ဆောင်ရန် လှေကထောင်နှင့် သိမ်ကုန်းတဲတိုက်များမှ ပြည်သူအချို့အား အတင်းအဓမ္မခေါ်ဆောင်ကာ နတ္တလင်းမြို့နယ် ကွင်းကြယ်စခန်းသို့ လှည်းများဖြင့် လိုက်လံပို့ဆောင်ခိုင်းခဲ့ကြောင်း တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

“ကွင်းကြယ်ရောက်တော့ ချောဆွဲခံရတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးလိုက်တယ်”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကြောင်းထွက်သွားသော သိမ်ကုန်းတာဝါတိုင်စခန်း၌ စခန်းအစောင့်အဖြစ် တပ်သားအချို့ ဆက်ရှိနေပြီး အထက်ပါကြားဖြတ်တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုမတွေ့ရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မိုင်းများပေါက်ကွဲမှုကြောင့် ကင်းလာစောင့်သည့် စစ်အုပ်စုဝင် သုံးဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း မုံရွာပကဖ၏ တာဝန်ရှိသူက ဆိုသည်။

သတင်း

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ရှင်းလင်းမှုနှင့်ပတ်သက်၍ KNU ဗဟိုမှ သတင်းရင်းမြစ်အား မေးမြန်းရာ ဖြစ်စဉ်ကို မသိရသေးဟု ပြောသည်။

ဘာသာပြန်

ရိုက်တာဟာ အခုဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်မှု မရခဲ့ပါဘူး။

သတင်း

ဓားပြတိုက်ခံရသည့် အိမ်သည် ​ငွေသားနှင့် ရွှေထည် စုစု​ပေါင်းတန်ဖိုးကျပ်သိန်း ၂၀၀ ခန့် ပါသွားကြောင်း သိရှိရသည်။ အိမ်ရှင်အား မေးမြန်းရန် ဆက်သွယ်သော်လည်း မရသေးပေ။