close
Connect with us

Hi, what are you looking for?

သတင်း

သန့်ဇင်ရဲ့ ပြိုင်ဘက် ဂျပန် MMA တိုက်ခိုက်ရေးသမား ဆီဂါဝါက မြန်မာ့ရေဘေးသင့် ပြည်သူတွေအတွက် ငွေကြေးလှူဒါန်း

One Championship ပြိုင်ပွဲဝင် ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး (MMA) အားကစားသမား တာကီရူ ဆီဂါဝါဟာ မြန်မာ့ ရေဘေးသင့် ပြည်သူတွေကို ကူညီရေး ပါဝင်လှုပ်ရှားနေတဲ့ ပြိုင်ဘက်ဖြစ်သူ သန့်ဇင်ရဲ့ အားထုတ်မှုတွေမှာ ငွေကြေး ကူညီ လှူဒါန်းခဲ့ပါတယ်။

One Championship ပြိုင်ပွဲဝင် ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး (MMA) အားကစားသမား တာကီရူ ဆီဂါဝါဟာ မြန်မာ့ ရေဘေးသင့် ပြည်သူတွေကို ကူညီရေး ပါဝင်လှုပ်ရှားနေတဲ့ ပြိုင်ဘက်ဖြစ်သူ သန့်ဇင်ရဲ့ အားထုတ်မှုတွေမှာ ငွေကြေး ကူညီ လှူဒါန်းခဲ့ပါတယ်။

ဂျပန် ကစ်ဘောက်ဆင် ပညာရှင် ဆီဂါဝါဟာ စက်တင်ဘာ ၂၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဖလိုင်းဝိတ်တန်း ONE Fight ပြိုင်ပွဲမှာ သန့်ဇင်ကို ဒုတိယအချီမှာ အနိုင်ယူခဲ့ပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ သန့်ဇင်ဟာ ပထမအချီမှာ ဂျပန်သားကို လဲကျသွားတဲ့ထိ ဖိအားပေး ထိုးနှက်နိုင်ခဲ့ပေမယ့်လည်း ဒုတိယ အချီမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ K-1ပြိုင်ပွဲတွေရဲ့ ဝိတ်တန်းသုံးခု ချန်ပီယံဟောင်းဟာ ပြိုင်ဘက် သန့်ဇင်ရဲ့ အလားအလာကောင်းတွေကို ချီးကျူးခဲ့ပါတယ်။ အခုအခါမှာတော့ အသက် ၃၃ နှစ်အရွယ် တိုက်ခိုက်ရေးသမားဟာ သူ့ရဲ့ ရက်ရောမှုကိုပါ ပြသခဲ့တာ ဖြစ်ပါတယ်။

သန့်ဇင်ရဲ့ မန်နေဂျာဖြစ်သူ ကိုဖြိုးဝေက စိတ်နှလုံး မွန်မြတ်သူ ဂျပန် တိုက်ခိုက်ရေးသမား ဆီဂါဝါဟာ သူ့ကိုယ်ပိုင် ငွေကြေးတွေထဲကနေ စိုက်ထုတ်ပြီး မြန်မာပြည်သူတွေဆီ အကူအညီပေးဖို့ သန့်ဇင်ဆီ ဆက်သွယ်လှူဒါန်းခဲ့တယ် ဆိုတာကို လူမှုကွန်ရက် မီဒီယာမှာ ရေးသား အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကတည်းက မြန်မာ့ရေဘေးအတွက် သန့်ဇင်ရဲ့ အားထုတ် ကူညီမှုတွေမှာ ပါဝင်ချင်တယ် ဆိုတာကို ဆီဂါဝါက ပြောကြားခဲ့ကြောင်း၊ သူ့စကားအတိုင်း တတ်နိုင်သလောက် ကူညီပံ့ပိုးပေးခဲ့တဲ့ အတွက် ကျေးဇူးလည်းတင်၊ အသိအမှတ်လည်းဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူ တစ်ရပ်လုံးကိုယ်စား ဆီဂါဝါရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်တယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ အကြွင်းအကျန်တွေကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ပြည်နယ်နဲ့တိုင်း တချို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ဆိုးရွားတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထိ အခြေအနေတွေအရ မြန်မာနိုင်ငံမှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၆၀ ကျော် ရှိခဲ့ပြီး ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သလို ရေကြီးမှုတွေဒဏ်ကို သက်ရောက် ခံစားခဲ့ရသူ ၁ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ