ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ရေစကြိုမြို့ပေါ်တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း Myingayn Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
စက်တင်ဘာ၂၅ရက်) ည ၉နာရီခွဲခန့်က ရေစကြိုမြို့ပေါ် အမှတ်(၈)၊ သုခဝတီရပ်ကွက်ရှိ ကပ်ကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ကင်းစောင့်နေသော စစ်ကောင်စီ တပ်သားတစ်ဦးအား Myingayn Black Tiger (MBT)တပ်ဖွဲ့၏ အမှတ်(၁)စစ်ဆင်ရေး ရဲဘော်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement
” ချောင်းနေတာကြာပြီ။ အခုမှဒီအခွင့်အရေးမျိုးရခဲ့တာ မထင်မှတ်ဘဲနဲ့။ အဲဒါကြောင့် အသာအယာပဲချဥ်းကပ်တယ်။ သေနတ်နဲ့ထောက်ပြီး ခေါ်လာခဲ့တာပါ။”ဟု Myingayn Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ဖမ်းဆီးရမိသည့်စစ်ကောင်စီတပ်သား၏ အချက်အလက်များအား MBTက ထုတ်ပြန်ခြင်းမရှိသေးပေ။
ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်သားအားလက်နက်နှင့်အတူ ဖမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ၎င်းကျူးလွန်ခဲ့သော ပစ်မှုအလျောက် အရေးယူသွားမည်ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့က အသိပေးထားသည်။
Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်းသည်ရန်ပုံငွေအတွက် End Point ကမ်ပိန်းပြုလုပ်နေပြီး ပြည်သူများပူးပေါင်းပါဝင်ပေးရန် မေတ္တာရပ်ခံထားသည်။
စက်တင်ဘာ ၂၁ရက်ကလည်း ရေစကြိုမြို့နယ်၊ ဆင်မရဲရွာပျူစောထီးစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၄ဦး သေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း Urban Underground Revolution Force (YSO)အဖွဲ့က ထုတ်ပြန်ထားသည်။
