close
Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ် ရှားလွင်ကျေးရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဒေသခံနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးပြီး ဒေသခံရှစ်ဦးထက်မည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၂ ခုနှစ်အတွင်းက မီးရှို့ဖျက်ဆီးခံရသော ရှားလွင်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးပြီး ဒေသခံရှစ်ဦးထက်မည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၅ရက် ည ၁၀နာရီခွဲခန့်က ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားပိုင်းရှိ ရှားလွင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တံတားဦးလေဆိပ်မှ တိုက်လေယာဥ် သုံးစီးဖြင့်တက်လာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဗုံးအလုံးရေ ၁၅ လုံးခန့်အား ရှားလွင်ကျေးရွာအတွင်း နှစ်နေရာ၊ ကျေးရွာအပြင် တစ်နေရာ သုံးနေရာခွဲကာ ဗုံးချတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား နှစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒဏ်ရာရတဲ့သူက ကြီးကြီးမားမား ပြင်းထန်တာက အမျိုးသမီး ၂ယောက်အပါအဝင် ၃ ယောက်ပါတယ်။ အသေးအမွှားလေးတွေက များတယ်။ ၅ ဦး၊ ၆ ဦးလောက် ရှိတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှားလွင်ကျေးရွာမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ အတွင်းက နှစ်ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီးနောက် ပြည်သူများမှာ ကျေးရွာအတွင်း နေထိုင်ခြင်းမရှိတော့ဘဲ ကျေးရွာအပြင်တွင် ​တဲထိုးနေထိုင်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ ကျေးရွာပြင်အထိ ဗုံးလာကြဲ၍ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရှားလွင်ကျေးရွာကို ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်ကလည်းတစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မြေပြင်၌ စစ်ရေးရှုံးနိမ့်နေသော အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာလအတွင်း လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူထိခိုက်သေဆုံးမှုများပြားနေသည်။

ယနေ့(စက်တင်ဘာ၂၆ရက်)နံနက်ပိုင်းကပင် ရခိုင်ပြည်နယ်၊ သံတွဲမြို့‌ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ က​လေးငယ်များအပါအဝင် စစ်​ရှောင်ပြည်သူ ၁၃ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၂၀ရက်မှ ယနေ့အထိ ၆ ရက်အတွင်း မန္တလေးတိုင်း၊ စဥ့်ကူး၊ မတ္တရာ၊ မြင်းခြံ၊ ငါန်းဇွန်၊ မကွေးတိုင်း၊ ရေစကြို၊ မြိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီ​ပေါ၊ လားရှိုး၊ ကချင်ပြည်နယ် ဖားကန့်၊ ရခိုင်ပြညွနယ် သံတွဲ၊ တောင်ကုတ် အစရှိသည့်ဒေသများအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄၈ ဦးထက်မနည်း သေဆုံးပြီး ၈ဝ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

စစ်ကောင်စီသည် ပြည်သူများရေဘေးဒုက္ခရောက်နေချိန်၌ပင် လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာ၍ ရန်သူပီသသည့် စစ်ကောင်စီ၏လုပ်ရပ်ကို သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ်ဦးမန်းဝင်းခိုင်သန်းက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့ ၊မတ္တရာမြို့နယ်ထဲက သုံးဆယ်ပေးကျေးရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် အနီး တဝိုက်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် သံတွဲမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၆ရက်မနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် အရပ်သား ပြည်သူ ၁၄ဦး သေဆုံးကာ ၂၅ဦး ဒဏ်ရာရခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

သတင်း

မိထက်/People’s Spring ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို ယနေ့(စက်တင်ဘာလ ၂၆ ရက်) နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ က​​လေးငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိသွားသည်။ စစ်ဘေးရှောင်များ ခိုလှုံနေသည့်သံတွဲမြို့နယ်ခန်းမ နှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို...

Facebook