close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုတိုက်နယ်တွင် စစ်ဘေးရှောင်သားအမိနှစ်ဦး ရေစီးဖြင့်မျောပါ၊ ကလေး၏ရုပ်အလောင်း တွေ့ရှိထား

ကျောက်ထုတိုက်နယ်တွင် ရေဘေးကြောင့် စစ်ဘေးရှောင်သားအမိနှစ်ဦး ရေစီးဖြင့်မျောပါသွားပြီး ကလေးဖြစ်သူ၏ ရုပ်အလောင်းကို တွေ့ရှိထားကြောင်း မင်းတပ် CDF၏ စစ်ဒေသမှူး ကိုနိုင်တမ်းက ပြောသည်။

ကျောက်ထုတိုက်နယ်ရှိ စစ်ရှောင်စခန်းများ ရေကြီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Khaw Tee

ရဲခေါင်/People’s Spring

ကျောက်ထုတိုက်နယ်တွင် ရေဘေးကြောင့် စစ်ဘေးရှောင်သားအမိနှစ်ဦး ရေစီးဖြင့်မျောပါသွားပြီး ကလေးဖြစ်သူ၏ ရုပ်အလောင်းကို တွေ့ရှိထားကြောင်း မင်းတပ် CDF၏ စစ်ဒေသမှူး ကိုနိုင်တမ်းက ပြောသည်။

စက်တင်ဘာ ၂၅ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုတိုက်နယ်ရှိ ချောင်းခွ၊လယ်ကြီးအိုင်၊ တောင်ဇလပ်စစ်ရှောင်စခန်းများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရေကြီးမှုအတွင်း စစ်ဘေးရှောင်သားအမိနှစ်ဦး ရေစီးဖြင့်မျောပါသွားသည်ကို မင်းတပ် CDF၏ စစ်ဒေသမှူး ကိုနိုင်တမ်းက ယနေ့(စက်တင်ဘာ ၂၆ ရက်)တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။ ရေစီးဖြင့် မျောပါသည့် သားအမိနှစ်ဦးသည် ယောနယ်ဘက်သို့ စစ်ဘေးရှောင်စဥ် ယခုကဲ့သို့ဖြစ်ရပ်နှင့် ကြုံခဲ့ရခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လေကြောင်းနဲ့အဆက်မပြတ်တိုက်ခိုက်ခံနေရလို့ ယောနယ်ဖက်ပြေးလာကြတဲ့ မင်းတပ်စစ်ဘေးရှောင်တွေရဲ့လက်ရှိအခြေအနေ။မနေ့က သားအမိ နှစ်ယောက် ရေထဲပါသွားပါတယ် ။ကလေးက အလောင်း ပြန်ရပါပြီ ။အမေကိုတော့ မတွေ့သေးပါဘူး”ဟု ကိုနိုင်တမ်းက ပြောသည်။

ထို့ကြောင့် တောင်ဇလပ်စစ်ရှောင်စခန်းရှိ တဲအားလုံးနီးပါးလည်း ရေကြီးရေလျှံမှုကြောင့် ရေစီးဖြင့် မျောပါသွားရာ နောက်ထပ် လူပျောက်ဆုံးသူများလည်းရှိနိုင်သည်ဟု သိရသည်။

“ကြားဒို၊ မိန်ဟောင်ရွာက ဒေါ်နိန်းခေးနှင့် သူ့သားလို့သိရပါတယ်”ဟု ယောဒေသ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ဇလပ်စစ်ရှောင်၊ လယ်ကြီးအိုင်၊နှင့် ချောင်းခွစစ်ရှောင်စခန်းမှ ပြည်သူများ အရေးပေါ် ရိက္ခာ၊အ၀တ်အထည်နှင့်ဆေးဝါးများလိုအပ်နေကာ ကူညီမှုများ အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်းစစ်ရှောင်များကူညီပေးနေသည့် ယောအလင်းတန်းက အသိပေးထားသည်။

သြဂုတ်လဆန်းပိုင်းကစ၍ စက်တင်ဘာ ၂၄ ရက်အထိ ချင်းပြည်နယ်၊မင်းတပ်မြို့ကို စစ်ကောင်စီက နေ့စဥ် တိုက်လေယာဥ်များဖြင့် ဗုံးကြဲနေပြီး ဒေသတွင်းအခြေစိုက် အခြေစိုက် ခလရ (၂၇၄)ကို စစ်ကောင်စီက လေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းမှုနှင့်အတူ တပ်မ(၂၂) လက်အောက်ခံ ခမရ (၂၀၄)တပ်ရင်းကိုပါ အင်အားဖြည့်တင်းထားကြောင်းလည်း မင်းတပ်မြို့ခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးဆိုးရွားမှုအတွင်း သေဆုံးသူနှင့်ပျောက်ဆုံးသူ လူဦးရေ ၁,၀၀၀ ကျော်အထိရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ယနေ့ ထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရေဘေး ကူညီထောက်ပံ့သည့် ပစ္စည်းများကို စစ်ကောင်စီက ထိန်းချုပ်ထားကြောင်း ဒေသခံများနှင့် ကူညီရေးဆောင်ရွက်နေသူများက ပြောသည်။

Fact-Check

နေပြည်တော်၊ တပ်ကုန်းမြို့က ချောင်းခြားကျေးရွာမှာ ရေဘေးအလှု အစားအသောက်ကို စားသုံးမိရာကနေ ရွာသူ၊ရွာသားတွေ အစာအဆိပ်သင့်ကြတာဟာ သံဃာတော်တွေကို ဆဲဆိုတာ၊ တော်လှန်ရေးကို အားပေးတာ ကြောင့် ဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့် ရန်သူလှုပ်ရှားမှုသတင်းများ တယ်လီဂရမ် ချန်နယ် က စက်တင်ဘာ ၁၉ ရက်က ဖြန့် ဝေပါတယ်။

ဆောင်းပါး

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကစ၍ စစ်​ကောင်စီ တစ်ဖွဲ့လုံး ​ရေ​ဘေးနှင့် ပတ်သက်၍ မည်သို့ ​ဆောင်ရွက်​နေ ​ကြောင်း စစ်​ကောင်စီမီဒီယာများနှင့် စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ​​နေ့စဥ်အများအပြားဖော်ပြ​နေ​သော်လည်း People's Springက ​ရေ​ဘေးသင့် ​ဒေသများမှ ပြည်သူ ၂၀ ​ကျော်ကို ကျပန်းဆက်သွယ်​မေးမြန်းရာ စက်တင်ဘာ ၂၂ ရက်အထိ စစ်​ကောင်စီ​ပေး​သောအကူအညီ...

Trending

Facebook