ယောနသံ/People’s Spring
ရန်ကုန်မြို့၊ မှော်ဘီမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျပြီး တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး သေဆုံးပြီးအမျိုးသမီးလေယာဥ်မှူးနှင့် စက်မှူအကြပ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း People’s Spring ၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပျက်ကျသည့်ရဟတ်ယာဉ်သည် Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ် ပေါ်၌ ဗိုလ်ချုပ်စိုးတင်လတ်အတူ လေးဦးပါဝင်သည်ဟု မှော်ဘီလေတပ်နှင့်နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
လက်ရှိ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ်မှာ ဗိုလ်ချုပ်စိုးတင်လတ်ဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျသည့်ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။
မှော်ဘီလေတပ်၏ ရဟတ်ယာဉ်ကွင်းအတွင်း ပျက်ကျခြင်းဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက သတင်းကို ဖုံးကွယ်ရန်ကြိုးပမ်းနေသည်ဟု မှော်ဘီမြို့ခံချို့က ပြောသည်။
အာဏာသိန်းအုပ်စုလက်အောက်ခံတယ်လီဂရမ်ချန်နယ်အချို့က မှော်ဘီမြို့၌ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးပျက်ကျပြီး ဗိုလ်ချုပ်တစ်ဦးသေဆုံးကြောင်း ရေးသားနေကြသည်။
