မိထက်/People’s Spring
လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က ထိုးစစ်စင်တိုက်ခိုက်နေရာ ယနေ့ (သြဂုတ် ၂ ရက်)မွန်းလွဲပိုင်းတိုက်ပွဲတွင် စစ်ကောင်စီရှေ့တန်းကာကင်းစခန်းမှ အင်အားနှစ်ရာခန့် စတင်လက်နက်ချကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
“ဆေးရုံမှာ ခံပစ်နေတဲ့အဖွဲ့တွေ လက်နက်ချပြီ။ ၂၀၀ ဝန်းကျင်ပါမယ်။ MNDAAက ထိန်းထားတယ်။ ဆက်ပြီး ထိုးစစ်ဖော်နေတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement
ရမခ ထဲမှ အမှတ်(၉) ကုတင်၁၀၀ စစ်ဆေးရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်းဖြစ်ကြောင်း ကနဦးသတင်းရရှိထားသည်။ စစ်ရှုံးခြင်းကို အဆိုပါ ဆေးရုံမှ လူနာများ၊ ဝန်ထမ်းများကို MNDAAက သတ်ဖြတ်သွားကြောင်း စစ်အုပ်စုက သတင်းမှားများဆက်တိုက်ဖြန့်ဝေနေသည်။
ရမခကို စစ်ကောင်စီက အသည်းအသန်ခုခံနေပြီး လေကြောင်းမှအင်အားဖြည့်တင်းမှုများလည်းပြုလုပ်ခဲ့သည်။ သို့သော် MNDAA နှင့်ပူးပေါင်းတပ်များက ရမခကို ပတ်ချာလည်ဝိုင်းပတ်ပိတ်ဆို့ထားကာ အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းသည်။
“ပတ်ချာလည်က ပိတ်ထားတာ။ ရမခ ဒီရက်ပိုင်းမှာပဲ ကျလိမ့်မယ်” ဟု လားရှိုးမြို့ခံတဦးကပြောသည်။
