ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြည်သူများက အဖြူရောင်အင်္ကျီများဝတ်ဆင်၍ အလင်းဝင်လာသည့် စစ်သားများအား ကြိုဆိုကြောင်း ပြသခဲ့ကြသည်။
ဇူလိုင် ၂၉ရက်က မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အဖြူရောင်အဝတ်များ ဝတ်ဆင်သည့် အဖြူရောင်လှုပ်ရှားမှုကို ဆောင်ရွက်ပြီး ဘက်ပြောင်းခိုလှုံလာခဲ့သည့် စစ်သားများ အားလုံးကို ကြိုဆိုပြောင်း ပြသခဲ့ကြသည်ဟု အရာတော်လူထုသပိတ်ဦးဆောင်ကော်မတီက အသိပေးသည်။

Public Service Announcement





ဇူလိုင် ၂၁ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ လက်နက်ချ အလင်းဝင်လာသည့် စစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ဦးနှင့် နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုထံ မျက်နှာမူခဲ့သည့် စစ်သားများအားလုံးကို ကြိုဆိုနေသည် သိရှိစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။
ထို့အပြင် ကျေးလက်လူထုသည်လည်း ဘူးသပိတ်တိုက်ပွဲ၌ ပါဝင်ဆင်နွှဲလျက်ရှိကြောင်းနှင့် မြို့ပြလူထုမှလည်း ပါဝင်လှုပ်ရှားကြရန် ဘန်နာများ ကိုင်စွဲကာ ချီတက်ခဲ့ကြသည်။
အဆိုပါအဖြူရောင်လှုပ်ရှားမှုကို သက်ဆိုင်ရာ ကျေးရွာတာဝန်ခံများနှင့် မြင်းမူလူငယ်အင်အားစုများက ဦးဆောင်စီစဥ်ခဲ့ကြပြီး အရာတော်သပိတ်ကော်မတီနှင့် မုံရွာလူထုသပိတ် ကော်မတီက ဝန်းရံချီတက်ခဲ့ကြသည်။
