People’s Spring
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်၏ မိုးမိတ်ဗျူဟာကုန်းကို TNLA ၊ PLA ၊ PDF ပူးပေါင်းတပ်များက ဇူလိုင် ၃၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသောမှတ်တမ်းဓါတ်ပုံများကို PLA ကထုတ်ပြန်လိုက်သည်။
မိုးမိတ်မြို့ရှိ လက်ကျန်တပ်စခန်း စကခ (၂၁) ၊ ခလရ (၃၄၈) တို့အထိုင်ချထားသည့်မိုးမိတ်ဗျူဟာကုန်းကို ဇူလိုင် ၃၁ ရက်နေ့ နံနက် (၁၁ နာရီအချိန်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF )တို့ ပူးပေါင်း၍ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိူင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်သော ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ တစ်လကျော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများစွာပေးသည့်ကြားမှ တော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် ဇူလိုင် ၃၁ ရက်က ဗျူဟာကုန်းနှင့် ဒိုးပင်ရွာကို Y12လေယာဥ်ဖြင့် ဗုံး အလုံး ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်းဖော်ပြထားသည်။
ဗျူဟာကုန်းမှ စက်လက် ၊နက်နက်ကြီး များအပါအဝင် လက်နက်မျိုးစုံနှင့် ခဲယမ်းများသိမ်းဆည်းရရှိသည်ကိုလည်း PLA ထုတ်ပြန်သောသတင်းဓါတ်ပုံများတွင်တွေ့ရသည်။





တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လည်း “ဒီကနေ့မှာတော့ မိုးမိတ်မှာရှိတဲ့ စစ်ကောင်စီ ဗျူဟာကုန်းနဲ့ အခြားတပ်စခန်းတွေကို ကျမတို့ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မိုးမိတ်အပြင် ကျောက်မဲ (၅၀၁) (၅၀၂)မှာလည်း တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။” ဟုဇူလိုင် ၃၁ ရက်တွင် People’s Spring သို့ပြောသည်။
TNLA နှင့် မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဇွန်လ ၂၅ရက်တွင် စတင်ခဲ့ရာ ဇူလိုင် ၁၀ရက်တွင်နောင်ချိုမြို့၊ ဇူလိုင် ၂၄ရက်တွင် မိုးကုတ်မြို့၊ ဇူလိုင် ၃၁ရက်တွင် မိုးမိတ်မြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကိုတော်လှန်ရေးတပ်များသိမ်းပိုက်ပြီးနောက်မြင်ကွင်းနှင့် မြို့သိမ်းတိုက်ပွဲမှ PLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PLA
