မိထက်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ စစ်ကောင်စီ၏ သတင်းရဲတပ်ဖွဲ့ (SB)မှ ဒုရဲမှူးတစ်ဦးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ယနေ့(ဩဂုတ် ၁ရက်) နံနက်တွင် ပစ်ခတ်ရှင်းလင်းလိုက်သည်။
ရွှေဘိုမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဘူတာပိုင်းတွင် နေထိုင်သည့် ဒုရဲမှူးအောင်ဇော်မျိုးကို ၎င်း၏ နေအိမ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

Public Service Announcement
” မနက်က။ သတင်းရဲတပ်ဖွဲ့က ကောင်ကို ပစ်ခတ်ရှင်းလင်းလိုက်တာ မှန်ပါတယ်။ သက်ဆိုင်တဲ့အဖွဲ့တွေက သတင်းထုတ်ပြန်ပါလိမ့်မယ်”ဟု ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ဒုရဲမှူး အောင်ဇော်မျိုးသည် ရင်ဘတ်နှင့် ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပစ်ခတ်ခံရသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စစ်ကောင်စီလည်းအောက်ခံ တယ်လီဂရမ်ချန်နယ်ချို့က ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုအား နယ်စည်းမခြားရွှေဘိုသားများအဖွဲ၊နဂါးညီနောင်နှင့် မိုင်းဘီလူးအဖွဲ့တို့ပူးပေါင်းပြီး ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ကနဦးသတင်းရရှိထားသည်။
ရွှေဘိုခရိုင်တွင် လတ်တလော၌ စစ်ကောင်စီနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးကို ရွှေဘိုခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ ပါဝင်တိုက်ခိုက်နေသည်။
