သတိုး/People’s Spring
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ YBS ယာဉ်တစ်စီးပေါ် သစ်ပင်လဲကျမှုဖြစ်ုပီး လမ်းပိတ်ဆို့မှု ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။
ရွှေဂုံတိုင်လမ်းမပေါ် ငါးထပ်ကြီးမှတ်တိုင်အနီး၌ ဩဂုတ် ၁ရက် နေ့လယ် ၁ နာရီခန့်တွင် YBS -145 ကားပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်က ဆိုသည်။

Public Service Announcement
သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေရာ ယင်းနေရာသို့ ရှောင်ရှားသွားရန် စမ်းချောင်းမြို့နယ် အရန် မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်က ၎င်း၏ဖေ့စ်ဘွတ်ခ်မှလည်း အသိပေးထားသည်။
“အရေးကြီးသွားလာမည့်သူများ တာမွေနှင့်ရွေဂုံတိုင်ကြားလမ်းမကြီးအား ခေတ္တရှောင်ရှားမောင်းနှင်နိုင်ပါရန်။ရဟန်းရှင်လူမိဘပြည်သူများသွားလာနေတဲ့ လမ်းမကြီးအမြန်ပွင့်ဖို့ အဖွဲ့စုံဖြင့် သစ်ပင်ကြီးအားရှင်းလင်းလျက်ရှိပါတယ်ခင်ဗျာ။” ဟု ရဲသူရိန်က ရေးသားထားသည်။
အဆိုပါလမ်းပိတ်ဆို့မှုကြောင့် ယင်းလမ်းမှ ပြေးဆွဲသည့် YBSယာဉ်များ အခြားလမ်းများမှ ပြောင်းလဲ ပြေးဆွဲနေရကြောင်း YBS စီးနင်းသူတစ်ဦးက ပြောသည်။
