ထားမြတ်/People’s Spring
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ တပ်၏ အမှတ် ၄၃၇ ခြေမြန်တပ်ရင်း (ခမရ-၄၃၇)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု စစ်ရေးသတင်းရင်မြစ်က ပြောသည်။
“ မိုးမောက်ဘက်တိုက်ပွဲပြင်းထန်ဆဲပါ” ဟု သတင်းရင်းမြစ်က ယနေ့( ဩဂုတ် ၁ရက်)တွင် ပြောသည်။

Public Service Announcement
အဆိုပါ စစ်ကောင်စီတပ်ရင်းကို KIA၊ KPDF၊ PDFနှင့် ရက္ခိုင့်တပ်တော်(AA) ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု KIAက အသိပေးထားသည်။
KIA အနေဖြင့် ယခုနှစ် မတ်လမှ စစ်ရှိန်မြှင့်ခဲ့သည့် ထိုးစစ်အတွင်း မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ရရှိထားပြီး မိုးမိတ်မြို့နယ်တစ်ခုလုံး အလုံးစုံထိန်းချုပ်နိုင်ရန် ခမရ(၄၃၇)တပ်ရင်းသာ ကျန်တော့သည်။
အဆိုပါ တပ်ရင်းကို မေလမှစတင်၍ KIA ပူးပေါင်းတပ်က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း မသိမ်းပိုက်နိုင်သေးပေ။ ထိုကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်တွင် ထပ်မံ ထိုးစစ်ဆင်ခဲ့ရာ တစ်ပတ်ကျော်ကြာသည်အထိတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
