မိထက်/People’s Spring
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် မြစ်ချောင်းများရေလျံနေစဉ် မိကျောင်းတစ်ကောင်သည် လူနေရပ်ကွက်အနီး လယ်ကွင်းအတွင်းသို့ ရောက်လာခဲ့သည်။
အရှည် ၇ ပေခန့်ရှိ မိကျောင်းသည် ဇူလိုင်လ ၂၈ရက် နေ့လည်ပိုင်းတွင် ဘိုကလေးမြို့နယ် အနောက်ပိုင်းကျေးရွာတခုရှိ လယ်ကွင်းအတွင်း ရောက်ရှိလာခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement
” မိန်းမလှကျွန်းဘက်ကနေ ကျော်လာတာနေ မယ်။ လူတွေက ဝိုင်းဖမ်းကြတယ်ဗျ။ ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ဘိုကလေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး မြေနိမ့်ပိုင်းများ၌ ရေဘေးကြုံတွေ့နေသည်။
“လယ်ကွင်းထဲ မိကျောင်းပါတတ်တယ်လမ်းကြောင်းမှားပြီရောက်လာတာထင်တယ်ရေကလဲဒီဘက်အခြမ်းမှ ပုံမှန် တတ်သွားတာ”ဟု မီးကျောင်းလယ်ကွက်အတွင်းရောက်လာသောရုပ်သံဖိုင်များတင်ထားသောဆရာတော်တစ်ပါးကရေးသားထားသည်။
ယခုနယ်ကျော်လာသည့် မိကျောင်းသည် မြန်မာမျိုးရင်း ရေငံမီကျောင်းဖြစ်ပြီး ငမိုးရိပ်မိကျောင်းဟုလည်း လူသိများသည်ဟု သဘာဝတောရိုင်းတိရိစ္ဆာန်အရေးလေ့လာနေသူများကပြောသည်။
အလျား ၁၇ မိုင် အနံ ၆ မိုင် အထိ ကျယ်ဝန်းပြီ မြေဧက ၃၃၇၇၉ ဧက ကျယ်ဝန်းသည့်မိန်းမလှကျွန်းသည် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဖြစ်ပြီး ရေချို၊ရေငံစမ် မိကျောင်းများလည်း ကျက်စားသည်။
