ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ရွာသာယာပျူစောထီးကျေးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မန္တေလးခရိုင်သင်တန်းမှူးအပါအဝင် PDF ရဲဘော်နှစ်ဦး၏ နာရေးအခမ်းအနားအား ဇူလိုင် ၂၆ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရွာသာယာပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရွှေဘိုခရိုင်မှ ရဲဘော် ဗိုလ်ခန့်နှင့် မန္တလေးခရိုင်မှ ရဲဘော်ဇင်ကြီးတို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
“ရွှေဘိုခရိုင် တပ်ရင်း(၆)က တစ်ဦး၊ ခရိုင်သင်တန်းမှူးတစ်ဦးကျတာ။”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရွာသာယာရွာပျူစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဇူလိုင်၂၄ရက် နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အရှင်ဖမ်းဆီးရမိသူများလည်းရှိပြီး စစ်ဗိုလ် အပါအဝင် ပျူစောထီး ၃၀ခန့် စစ်ကိုင်းတိုင်း၊ ရှိမ်းမကားရွာဘက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
