မိထက်/ People’s Spring
ရှမ်းပြည်နယ်၊မြောက်ပိုင်း၊လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) နှင့် ၎င်းလက်အောက်ရှိတပ်စခန်းများကိုMNDAA က သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းများရှေ့၌ MNDAA တပ်ဖွဲ့ဝင်များက ဇူလိုင် (၂၆) ရက်နေ့တွင် ရိုက်ကူးထားသောဓါတ်ပုံများကို ညီနောင်မဟာမိတ်သုံးစွဲ ကဇူလိုင် ၂၆ ညသန်းခေါင်တွင်ထုတ်ပြန်လိုက်သည်။
ဓါတ်ပုံများတွင် ရမခ လက်အောက်ရှိစစ်တပ်စခန်းများ ၊ ပြည်သူ့ဆေးရုံ ၊မြို့တော်ခန်းမ ၊မီးသတ်ရုံး၊မူးယစ်ရုံးစသော နေရာများတွင် MNDAA တပ်ဖွဲ့ဝင်များက အောင်ပွဲခံနေသောပုံ၊ အလံတော်လွှင့်ထူထားပုံများဖြစ်သည်။

Public Service Announcement












အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ပြီဟု ကိုးကန့်တပ်မတော်MNDAAက ယင်းနေ့၌ သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီက စစ်ဌာနချုပ်မကျသေးကြောင်း နေ့ချင်းငြင်းချက်ထုတ်ခဲ့ပြီး ဇူလိုင် ၂၆ရက်တွင်လည်း ထပ်မံငြင်းခဲ့ပြန်သည်။ သို့သော် ဇူလိုင် ၂၆ ည ၁၁နာရီကျော်တွင် ရမခ ၏တပ်စခန်းများ၌ MNDAA တပ်ဖွဲ့ဝင်များရိုက်ကူးထားသည့် ဓာတ်ပုံများကို မြောက်ပိုင်း ညီ နောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခြင်းလိုက်ဖြစ်သည်။
