ဇေအောင်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင် ၂၄ရက် ညနေ ၅နာရီဝန်းကျင်တွင် မိုးကုတ်မြို့အား အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း မန္တလေး PDFက ဓာတ်ပုံများဖြင့် ထုတ်ပြန်သည်။




မိုးကုတ်စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ခဲ့သည်ဟု မန္တလေး PDFက အသိပေးထားသည်။

Public Service Announcement
မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ဟု ထပ်မံ အသိပေးထားသည်။
အာဏာသိမ်းစစ်တပ်၏ လပခ လက်အောက်ခံ ခလရ – ၇၈၊ ခလရ – ၈၈နှင့် ခလရ-၁၄၈ တပ်များစခန်းချထားသည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၃၀ကျော်ကို ဖမ်းဆီးရမိထားကြောင်း၊ ထို့အပြင် အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၇၃လက် ၊ ၁၂၀ မမ ၂လက် ၊ ၆၀ မမ ၁၁လက် ၊ ၈၁ မမ ၁လက် ၊ ငါးကြင်းမှီး ၃လက် ၊ ပွိုင့်ဖိုက် ၁လက် ၊ RPG ၂လက်နှင့် တခြားခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း TNLAက အသိပေးထားသည်။
