Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်၊ အရပ်သား ထိခိုက်သေဆုံး

ပစ်ခတ်ခံရသည့်နေရာသို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို AAသိမ်းပိုက်ထိန်းချုပ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - AA

မိထက်/People’s Spring

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးနှင့်ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာအတွင်းကျရောက်ပေါက်ကွဲရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

“အတွဲလိုက်ဒုံးတွေ ဖြစ်မယ်။ ၁၄လုံးတောင် ပစ်တာပါ။ ဒေသခံတွေ ထိကုန်တာပါ”ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျည်များသည် နေအိမ်များအနီးကျရောက်ပေါက်ကွဲပြီး မိသားစုတစ်စုတည်းမှ အမျိုးသမီးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ခြင်းဟု သတင်းရရှိသည်။

ပစ်ခတ်ခံရသည့်နေရာသို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအပေါ် ဦးတည်တိုက်ခိုက်ခြင်းသည် အလွန်ရွံ့ရှာ စက်ဆုပ်ဖွယ်ကောင်းသဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုံ့ချပါသည်ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက သတင်းထုတ်ပြန်ထားသည်။

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀)တပ်ရင်းကို ပြီးခဲ့သည့် မတ်လ ၄ရက်တွင် သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို AAသိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီနှင့် AAသည် လတ်တလောတွင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ သံတွဲမြို့နှင့် မြောက်ပိုင်းရှိ မောင်တောမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး AAက စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေခြင်းဖြစ်သည်။

(ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို AAသိမ်းပိုက်ထိန်းချုပ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – AA)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စဥ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး) ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ​မြစ် တဘက် ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ရာတွင် ပျူစောထီးရွာအချို့၌ လက်နက်ကြီးကျ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

"မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။"ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။

သတင်း

ဖာပွန်မြို့အခြေချစစ်ဗျုဟာနဲ့ မိုင် ၃၀ ခန့်အကွာမှာရှိပြီး အင်အား ရာဂဏန်း ရှိတဲ့ ခေါပုတ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတာလို့သိရပါတယ် ။