close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာလို့ အိန္ဒိယမှာ လူပေါင်း ၅၀၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးနေ

အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဦးတည်လာနေတာကြောင့် အိန္ဒိယနိုင်ငံမှာ လူပေါင်း ၅၀၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးဖို့ စီစဉ်နေပါတယ်။

အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဦးတည်လာနေတာကြောင့် အိန္ဒိယနိုင်ငံမှာ လူပေါင်း ၅၀၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးဖို့ စီစဉ်နေပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်း ဒေသတွေ၊ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေကို ယာယီ ခိုလှုံရေး စခန်းတွေဆီ စတင်ပြောင်းရွှေ့ နေရာချပေးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်ဖက်ခြမ်းမှာ မြောက်ဖက်ကို ဦးတည်ရွေ့လျားနေတဲ့ ဆိုင်ကလုန်း မုန်တိုင်း မွန်သာဟာ ကမ်းရိုးတန်းဆီ ချဉ်းကပ်လာချိန်မှာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေတယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

ဆိုင်ကလုန်း မွန်သာဟာ အောက်တိုဘာ ၂၇ ရက် ညပိုင်းလောက်မှာ အိန္ဒိယနိုင်ငံ၊ အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ် ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကုန်းတွင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းဟာ တစ်နာရီ ၇၅ ကီလိုမီတာလောက် လေတိုက်နှုန်းကနေ တဖြည်းဖြည်း ပိုမိုအားကောင်းလာနေပါတယ်။ မုန်တိုင်းကြောင့် ကမ်းရိုးတန်း ဒေသတွေမှာ အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်နေသလို အန်ဒ်ဟရာ ပရာဒက်ရှ်နဲ့ အနီးက ဩရိသ ပြည်နယ်တွေမှာလည်း ကျောင်းတွေနဲ့ တက္ကသိုလ် ကောလိပ်တွေကို ပိတ်ထားရပါတယ်။

အိန္ဒိယ မိုးလေဝသ အေဂျင်စီကတော့ မွန်သာရဲ့ လေတိုက်နှုန်းဟာ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းလောက်မှာ သိသိသာသာ ပိုမို ပြင်းထန်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ ရာသီဥတု ဒဏ်ကို လူပေါင်း ၄ သန်းနီးပါးလောက် သက်ရောက် ခံစားရဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

ပြည်နယ်နှစ်ခုရဲ့ အာဏာပိုင်တွေက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေတွေ အနေနဲ့လည်း လတ်တလောမှာ ပင်လယ်ပြင်ကို မထွက်ကြဖို့ ညွှန်ကြားထားပါတယ်။

နှစ်စဉ် ဧပြီကနေ ဒီဇင်ဘာ လတွေအတွင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းတွေမှာ ဆိုင်ကလုန်း မုန်တိုင်းတွေ ဝင်ရောက်တိုက်ခတ်တဲ့ ဒဏ်ကို ခံရလေ့ ရှိပါတယ်။

၁၉၉၉ ခုနှစ်၊ အောက်တိုဘာလတုန်းက ဩရိသ ပြည်နယ်ကို စူပါ ဆိုင်ကလုန်းအဆင့် မုန်တိုင်းကြီးတစ်ခု ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ အဲဒီမုန်တိုင်းဟာ အိန္ဒိယမှာ လူအသေအပျောက် အများဆုံး စာရင်းဝင် သဘာဝ ဘေးအန္တရာယ် တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – The Hindu

ဆက်စပ်သတင်းများ

Facebook