close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့မှာ နေ့စဥ်တိုက်ပွဲ ပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့မှာနေ့စဥ်တိုက်ပွဲ ပြင်းထန်နေပြီး မြို့နဲ့ (၁)မိုင်ခန့်အကွာက ပြည်သူတွေရဲ့နေအိမ်တွေကို စစ်​ကောင်စီတပ်နဲ့ ရှမ်းနီတပ် SNA တို့က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နားယကားရွာနဲ့ ဗန်းမောက်မြို့နားက ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ SNA တို့မီးရှို့ နေ့စဥ်။ ဓာတ်ပုံ - ပေးပို့

■စစ်​ကောင်စီတပ်နဲ့ ရှမ်းနီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီး

အောက်တိုဘာ-၂၇၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့မှာနေ့စဥ်တိုက်ပွဲ ပြင်းထန်နေပြီး မြို့နဲ့ (၁)မိုင်ခန့်အကွာက ပြည်သူတွေရဲ့နေအိမ်တွေကို စစ်​ကောင်စီတပ်နဲ့ ရှမ်းနီတပ် SNA တို့က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နားယကားရွာနဲ့ ဗန်းမောက်မြို့နားက ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ SNA တို့မီးရှို့ နေ့စဥ်။ ဓာတ်ပုံ – ပေးပို့

ဒီနေ့(အောက်တိုဘာ ၂၇ရက်) နေ့လယ်ပိုင်းက ဗန်းမောက်မြို့ရဲ့အနောက်ဘက်ခြမ်းက နားယကား ကျေးရွာအနီးက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဗန်းမောက်မြို့အောက်ဘက်ခြမ်းက မြစ်သေးချင်းကျေးရွာကိုလည်း စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

“ မနေ့က ၁၂၀မမ နဲ့ ၄၀ မမ မီးလောင်ဗုံးသီး တွေ ကျတာ။မြို့ထဲက ရဲစခန်းထဲကို ။ပြည်သူ့နေအိမ်တွေတော့ မီးမကူးလိုက်ဘူး။ဒီနေ့ကတော့ နားယကား နဲ့ ဗန်းမောက်မြို့ကြားက လူထုနေအိမ်တွေကို စစ်ကောင်စီနဲ့ SNA တွေ လူကိုယ်တိုင်မီးရှို့ နေကြတယ်” လို့ ဗန်းမောက်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေ ဗန်းမောက်မြို့နဲ့ (၁)မိုင်အကွာကို ရောက်နေပြီလို့လည်း တန်ပြန်ထိုးစစ်ကိုခုခံနေတဲ့ ရဲဘော်တစ်ဦးက အတည်ပြုပါတယ်။

“ ထိတွေ့မှုကတော့ နေ့တိုင်းနီးပါးပဲ။မီးရှို့ပြီး တိုးနေတာပေါ့” လို့ ၎င်းက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ SNAတပ်က ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကနေ ထိုးစစ်ဆင်လာတာဖြစ်ပြီး အင်အား ၅၀၀ ခန့်ရှိတယ်လို့ လည်း ဗန်းမောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဗန်းမောက်မြို့ပြန်ရဖို့ စစ်ကောင်စီကစစ်ကိုင်းအခြေစိုက် တပ်မ(၃၃) လက်အောက်ခံတပ်ရင်းအချို့ကိုအားဖြည့်ထားတဲ့အပြင် တပ်မ(၇၇) လက်အောက်ခံတပ်ရင်းတွေလည်း ရှိပါသေးတယ်။

လက်ရှိ တိုက်ပွဲအခြေအနေတွေကြောင့် မြို့အနီးတဝိုက် ကျေးရွာ ၂၀ ခန့်နဲ့ မြို့ပေါ် လေးရပ်ကွက်က ပြည်သူ နှစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဗန်းမောက် ပကဖက ထုတ်ပြန်ထားပါတယ်။

ဗန်းမောက်မြို့မှာ ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီးတဲ့ SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ဝန်းကျင် အခြေချနေထိုင်တဲ့ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေက အမှတ် (၁)စစ်ဒေသကွပ်ကဲမှုနဲ့ စက်တင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook